ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဓားထောက်ကာ ဓားစာခံ အဖြစ်ခေါ်ယူပြီး ဆိုင်ကယ်လုယူထွက်ပြေးသူကို ကင်းတာဝန်ကျတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၃၀
၃၀.၆.၂၀၁၈ ရက်နေ့ နေ့လယ် ၁၂း၁၀ နာရီအချိန်တွင် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်လှည့်ကင်းအား (၂)ဖွဲ့ခွဲ၍ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံဘက်မှ သုံးယောက်အတူ စီးလာသည့် ဆိုင်ကယ်တစ်စီးအား မသင်္ကာတွေ့ရှိသဖြင့် စစ်ဆေးရန်ရပ်တန့်စေရာ အဆိုပါ ဆိုင်ကယ်စီးသူများမှာ ရပ်တန့်ပေးခြင်းမရှိဘဲမောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ


၎င်းဆိုင်ကယ်အားမောင်းနှင်လာသူ အမျိုးသားတစ်ဦးမှာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)
ရပ်ကွက် အရောက်၌ ဓားကိုင်ဆောင်ကာဆင်းလာပြီး ကျန် (၂)ဦးမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ ဓားကိုင်ကျန်ရစ်သူ အမျိုးသားမှာ ဒေါင်းမင်းလမ်းအတိုင်းထွက်ပြေးသွားသဖြင့် ရဲတပ်သား မျိုးကိုကိုကျော် မှ MA 13 သေနတ်ကိုင်ဆောင်ကာ ရဲတပ်သား ၀င်းပိုင်နှင့်အတူ လိုက်လံဖမ်းဆီးခဲ့ရာ ပန်းမူလမ်းထောင့်အရောက်တွင် ၎င်းအမျိုးသားမှာ လမ်းလျှောက်လာသူ အမျိုးသမီး(၁) ဦး၏ လည်ပင်းအား ဓားထောက်ကာ ဓားစာခံအဖြစ်ခေါ်ဆောင်ပြီး ထွက်ပြေးရန်အတွက် အနီးရှိ JLM အနီရောင်ဆိုင်ကယ်သော့အား ဓားဖြင့်ဖျက်ဆီးပြီးယူဆောင် ရန်ဆောင်ရွက်နေစဉ် ရဲတပ်ဖွဲ့ဝင်များက ဓားစာခံအမျိုးသမီးကို လွှတ်ပေးရန်နှင့် ဓားအား အောက်သို့ ချ၍ အဖမ်းခံရန်ပြောဆိုရာ လက်ခံခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ပြန်လည်ခုခံရန်ပြုသဖြင့် ရဲတပ်သား မျိုးကိုကိုကျော်မှ ၎င်းကိုင်ဆောင်သည့် MA 13 သေနတ်ဖြင့်(၁)ချက်ပစ်ခတ်ခဲ့ရာ ဓားကိုင်သူ အမျိုးသား၏ ဘယ်ဘက်ခါးမှ ၀မ်းဗိုက်သို့ဖောက်ထွက်ဒဏ်ရာ(၁)ချက်ရရှိခဲ့ကြောင်း၊ ၎င်းအမျိုးသားမှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ၀င်းထွန်းနိုင်၊(၃၆)နှစ်၊ (ဘ)ဦးမျိုးညွန့်ဖြစ်ကြောင်း သိရရှိရပြီး ၎င်းအား အင်းစိန်ဆေးရုံသို့ ပို့အပ်ကာ အတွင်းလူနာ(စိုးရိမ်းရ)အဖြစ် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဓားကိုင်ဆောင်ပြီး အမျိုးသမီးတစ်ဦးအား ဓားထောက်၍ ဓားစာခံအဖြစ်ခေါ်ဆောင်ပြီး ဆိုင်ကယ်အားလုယူ၍ တာဝန်ဝတ္တရားဆောင်ရွက်နေ့သည့် တပ်ဖွဲ့ဝင်များကို ဓားလက်နက်ကိုင်ဆောင်ကာပြန်လည်ခုခံရန် ပြုသူ ၀င်းထွန်းနိုင်အား ရွှေပြည်သာမြို့မရဲစခန်း(ပ)၈၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၄/၃၈၂/၃၀၇/၃၅၃ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/posts
ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဓားထောက်ကာ ဓားစာခံ အဖြစ်ခေါ်ယူပြီး ဆိုင်ကယ်လုယူထွက်ပြေးသူကို ကင်းတာဝန်ကျတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီး ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဓားထောက်ကာ ဓားစာခံ  အဖြစ်ခေါ်ယူပြီး ဆိုင်ကယ်လုယူထွက်ပြေးသူကို  ကင်းတာဝန်ကျတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်  ဖမ်းဆီး Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.