မြန်မာ့ စပါးအုံး အောင်လအန်ဆန် ကစိန်ခေါ်သူအား အနိုင်ယူကာ ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့

အောင်လအန်ဆန် နှင့် Ken Hasegawa တို့ ယှဉ်ပြိုင် ထိုးသတ်မှု မြင်ကွင်းများ(ဆင်ဟွာ) 
 ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

 မြန်မာ့ စပါးအုံး ခေါ် ၀မ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်သည် စိန်ခေါ်သူ ဂျပန်နိုင်ငံမှ Ken Hasegawa နှင့် ယနေ့ ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ ၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က စိန်ခေါ်သူအား  အလဲထိုး အနိုင် ရရှိပြီး ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့သည်။

အောင်လအန်ဆန် နှင့် Ken Hasegawa တို့ သည် “ONE: SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် အဓိက ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ခဲ့ပြီး  ၅ ချီ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ နောက်ဆုံး အချီ ၃ မိနစ်ကျော် အချိန်တွင် အောင်လအန်ဆန်းက  လက်သီးချက်ဖြင့်  စိန်ခေါ်သူအား အလဲထိုး အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန် နှင့် Ken Hasegawa တို့ ယှဉ်ပြိုင် ထိုးသတ်မှု မြင်ကွင်းများ(ဆင်ဟွာ)


အောင်လအန်ဆန် နှင့် Ken Hasegawa တို့ ယှဉ်ပြိုင် ထိုးသတ်မှု မြင်ကွင်းများ(ဆင်ဟွာ)


အောင်လအန်ဆန် နှင့် Ken Hasegawa တို့ ယှဉ်ပြိုင် ထိုးသတ်မှု မြင်ကွင်းများ(ဆင်ဟွာ)


အောင်လအန်ဆန် နှင့် Ken Hasegawa တို့ ယှဉ်ပြိုင် ထိုးသတ်မှု မြင်ကွင်းများ(ဆင်ဟွာ)
ဝမ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့သူ အောင်လအန်ဆန်က ပွဲပြီး အနိုင်ရရှိခဲ့ပြီးနောက် အားလုံးကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် Vitaly Bigdash ကို အနိုင်ယူကာ ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုကို ရယူခဲ့ပြီး ယခုအခါ စိန်ခေါ်သူ ဂျပန်နိုင်ငံမှ Ken Hasegawa အား အနိုင်ယူကာ ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့သည်။

ထို့ ကြောင့် အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ (ONE Middleweight & Light Heavyweight World Champion) ကိုပိုင်ဆိုင်ရရှိထားသူအဖြစ်ဆက်လက်ရပ်တည်ထားနိုင်ခဲ့သည်။ “ONE: SPIRIT OF A WARRIOR” ပြိုင်ပွဲအား ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပရာ ပြည်တွင်း ၊ ပြည်ပ တွဲဆိုင်း ၁၀ ဆိုင်း ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com

မြန်မာ့ စပါးအုံး အောင်လအန်ဆန် ကစိန်ခေါ်သူအား အနိုင်ယူကာ ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့  မြန်မာ့ စပါးအုံး အောင်လအန်ဆန် ကစိန်ခေါ်သူအား အနိုင်ယူကာ ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.