မင်းဘူးမြို့နယ်၊ ရွှေရောင်တော်ကျေးရွာ အထက(ခွဲ) ကျောင်းတွင် ပဉ္စမတန်းကျောင်းသူတစ်ဦး ဓါတ်လိုက်သေဆုံး

 နမူနာဓါတ်ပုံသာဖြစ်ပါသည်။
မင်းဘူး ဇွန် ၁၃

မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေရောင်တော်ကျေးရွာ အထက(ခွဲ) ကျောင်းဝန်းအတွင်းရှိ ကျောင်းဈေးဆိုင်ရှေ့မီးတိုင်နှင့် ကျောင်းရေသန့်စက်သို့ သွယ်တန်းထားသော မီးကြိုး(၁) ချောင်း လျော့ကြရာမှ ဇွန်လ (၁၃) ရက်နေ့ နံနက်(၇း၂၀) နာရီ အချိန်က ကျောင်းတက်လာသော ကျောင်းသူတစ်ဦး ဓါတ်လိုက်သေဆုံး ခဲ့ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ (၁၃) ရက်နေ့ နံနက်(၇း၂၀) အချိန်ခန့်တွင် အထက(ခွဲ) ကျောင်းဝန်အတွင်း ကျောင်းဈေး ရောင်းချနေသော မကေသွယ်စိန်မှ ၎င်းဆိုင်ရှေ့မီးတိုင်နှင့် ကျောင်းရေသန့်စက်သို့ သွယ်တန်းထားသော 7029 ဝါယာကြိုးနှင့် ကပ်လျှက်ချီထားသော သံကြိုးမှာ မြေပြင်အထက် (၄)ပေခန့် လျော့ကြနေသဖြင့် ကျောင်းတက်လာ သော ကလေးများအား ဓါတ်မလိုက်စေရန်အတွက် ဓါတ်ကြိုးအား ရှောင်ကွင်းသွားရန် ပြောဆိုနေခဲ့ပြီး ၎င်းဆိုင်အနောက်သို့ ခဏသွားရန် ပြင်နေစဉ် ကျောင်းတက်လာသော ဖလံရုံကျေးရွာအုပ်စု မကျီးစုကျေးရွာနေသူ ဦးသန်းစိုး၏သမီး မမူမူခိုင်(သ) ၁၂/၂၀၁၈ခုနှစ်၊ ပဉ္စမတန်းကျောင်းသူမှာ 7029 နှင့် ကပ်လျှက်ချီထားသော သံကြိုးအား ညာလက်ဖြင့်ကိုင်လျှက် ဓါတ်လိုက်၍ လဲကျနေသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းရာ အနီးရှိ ဆရာကျော်မင်းသူ၊ အထက(၂) မင်းဘူး၊ (ရွှေရောင်တော်ကျောင်းဝန်းအတွင်းနေ) ရောက်ရှိလာပြီး ဓါတ်လိုက်လဲကျနေသော မမူမူခိုင်၏ ညာလက်မှ လျှပ်စစ်စီးဝင်နေသော သံကြိုးအား ဝါးလုံးဖြင့် ရိုက်ချ၍ ကယ်ဆယ်ခဲ့သော်လည်း မမူမူခိုင်မှာ ဝါယာကြိုးနှင့်ကပ်လျှက်ချီထားသော သံကြိုးကြောင့် လည်ပင်းတွင် ပွန်းခြစ်ရာ (၁) ချက်ဖြင့် အဆိုပါ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မင်းဘူးမြို့နယ်၊ ရွှေရောင်တော်ကျေးရွာ အထက(ခွဲ) ကျောင်းတွင် ပဉ္စမတန်းကျောင်းသူတစ်ဦး ဓါတ်လိုက်သေဆုံး မင်းဘူးမြို့နယ်၊ ရွှေရောင်တော်ကျေးရွာ အထက(ခွဲ) ကျောင်းတွင် ပဉ္စမတန်းကျောင်းသူတစ်ဦး ဓါတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.