မိုးကောင်း၊ ဇွန် ၂
မိုးကောင်းမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု လေသာကုန်းကျေးရွာတွင် အရွယ်မရောက်သေး သူကို အလိုမတူဘဲ သားမယားပြုကျင့်မှု ဖြစ်ပွားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု လေသာကုန်းကျေးရွာတွင် ဇွန်လ ၁ရက်နေ့၊ ည ၈နာရီအချိန်ခန့်က လေသာကုန်းကျေးရွာနေ မ××××××(၁၄)နှစ်သည်မိခင်ဖြစ်သူနှင့် အိမ်နီးချင်း ဦးမောင်ကြီး+ဒေါ်ချို နေအိမ်သို့ TVသွားရောက်ကြည့်ရှုစဉ် မ××××××(၁၄)နှစ်သည် ဗိုက်နာသဖြင့် တစ်ဦးတည်း အိမ်နောက်သို့ထွက်လာရာ ပန်းရံအလုပ်လုပ်သူ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကတိုးကျေးရွာနေ မောင်ကျော်မျိုးနိုင်(၂၀)နှစ်ရောက်ရှိလာပြီး လည်ပင်းညှစ်၍ ပါးစပ်ပိတ် ကာ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ကြောင်း နောက်တစ်နေ့ နံနက်တွင် မိခင်ဖြစ်သူအား ပြောပြသိရှိ သဖြင့် မိခင်မှအလိုမတူဘဲ သားမယားပြုကျင့်သူကို အရေးယူပေးပါရန် ပင်းဘောနယ်မြေ ရဲစခန်းတွင် တိုင်တန်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပင်းဘောနယ်မြေရဲစခန်းမှ ကျူးလွန်သူ မောင်ကျော်မျိုးနိုင် (၂၀)နှစ်ကို (ပ)အမှတ်၁၅/၂၀၁၈ (အမှုကြီးအမှတ်စဉ် ၁/၁၈) ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ချိုမောင်
EPN
https://www.facebook.com/epngnews/
မိုးကောင်းမြို့နယ်တွင် အရွယ်မရောက်သေးသူကို အလိုမတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:23
Rating:
