![]() |
ဂွာတီမာလာနိုင်ငံရှိ Fuego မီးတောင် ပေါက်ကွဲနေပုံနှင့် ကယ်ဆယ် ရှင်းလင်းရေးလုပ်ဆောင်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ) |
ဂွာတီမာလာနိုင်ငံ မြို့တော်အနီးရှိ မီးတောင်ရှင်တစ်ခု အလွန်အမင်းပေါက်ကွဲမှုကြောင်း အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အခြားလူ ၂၉၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းမီးတောင်သည် ယခုနှစ်အတွင်း ဒုတိယအကြိမ် ပေါက်ကွဲခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဇွန်လ ၃ ရက်တွင် ပြောကြားလိုက်သည်။
Fuego မီးတောင်သည် ဒေသစံတော်ချိန် မွန်းတည့်ချိန်ခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး မွန်းလွဲပိုင်းတွင် မီးတောင်ချော်ရည်များ စီးကျခဲ့ကြောင်း သိရသည်။
![]() |
ဂွာတီမာလာနိုင်ငံရှိ Fuego မီးတောင် ပေါက်ကွဲနေပုံနှင့် ကယ်ဆယ် ရှင်းလင်းရေးလုပ်ဆောင်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ) |
Fuego မီးတောင်သည် ဂွာတီမာလာစီးတီးမှ အနောက်ဘက် ၅၀ ကီလိုမီတာအကွာ၌ တည်ရှိသည်။
(Xinhua)
http://xinhuamyanmar.com
ဂွာတီမာလာနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
16:27
Rating:
