ကျောင်းဆရာမတစ်ဦးအား ယောင်္ကျာဖြစ်သူမှ ဓားဖြင့်ထိုး၊ သေဆုံး


မအူပင် ဇွန်၂၃

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့တွင် ဇွန်လ ၂၃ရက်နေ့ နေ့လည် ၁၁နာရီခွဲ အချိန်ခန့်က ကန်လေးလုံးရွာမ ခိုင်မေတ္တာလမ်းထိပ် ကန်လေးလုံးဘုန်းကြီးကျောင်းအနီးတွင် မလတ်တိုကျေးရွာအထကကျောင်းမှ ဆရာမတစ်ဦးအားယောင်္ကျာဖြစ်သူမှ ဓားဖြင့်ထိုးလိုက်ရာသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မအူပင်မြို့ ကန်လေးလုံးရွာမ ခိုင်မေတ္တာလမ်းနေ မရွှေရည် အသက်(၂၆)နှစ်အား ယောင်္ကျာဖြစ်သူမှ အိမ်ရှေ့လမ်းပေါ်တွင် စောင့်ကာ ဓားဖြင့်ထိုးခဲ့ ရာ မိန်းမဖြစ်သူ မလတ်တို အထက ကျောင်းမှ ဆရာမဒေါ်ရွှေရည်ဝင်းမှာ ဓားဒါဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံ ၌ ပင်သေဆုံးသွားခဲ့ကြောင်းနှင့်ယောင်္ကျာဖြစ်သူ မှ မအူပင်မြို့မရဲစခန်းသို့လာရောက်အဖမ်းခံခဲ့ကြောင့်သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံ သေဆုံးသူဆရာမ၏ ယောင်္ကျာဖြစ်သူအားအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ပြည့်ဖြိုးပိုင် (MHT)
MHT NEWS AGENCY
ကျောင်းဆရာမတစ်ဦးအား ယောင်္ကျာဖြစ်သူမှ ဓားဖြင့်ထိုး၊ သေဆုံး ကျောင်းဆရာမတစ်ဦးအား ယောင်္ကျာဖြစ်သူမှ ဓားဖြင့်ထိုး၊ သေဆုံး Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.