မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့တွင် သေဆုံးသူနှင့်ပတ်သက်၍ မည်သူဖြစ်ကြောင်းသိရှိသူများမှ ကူညီ ဆက်သွယ်သတင်းပေးပါရန်

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့တွင် သေဆုံးသူနှင့်ပတ်သက်၍ မည်သူဖြစ်ကြောင်းသိရှိသူများမှ ကူညီ ဆက်သွယ်သတင်းပေးပါရန် အသိပေးဖော်ပြခြင်း
ရန်ကုန်၊ ဇွန် ၁၁

၁၁.၆.၂၀၁၈ ရက်နေ့ နေ့လည် ၁၅၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ အုပ်စု၊ရွှေနံ့သာကျေးရွာ၊ နှင်းဆီလမ်းပေါ်တွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းရ ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်
စစ်ဆေးခဲ့ပါသည်။

 အဆိုပါလမ်းပေါ်တွင် သေဆုံးနေသူမှာ အသက်(၂၅)နှစ်ခန့်၊ ရှပ်အင်္ကျီလက်တိုအဖြူရောင်၊ ဖိုးခွားတံဆိပ်ပါ (အဖြူ+မီးခိုး+အနီ) ရောင်ကွက်စိပ်ပုဆိုးဝတ်ဆင်ထား၊ ၀ဲဘက်လက်တွင် Time တံဆိပ်ပါ ငွေရောင်လက်ပတ်နာရီပတ်လျက် ၀ဲဘက်ခြေသန်းနှင့် ခြေသူကြွယ်ပူးလျက်ရှိသူ အမျိုးသားတစ်ဦးမှာ ရင်ညွန့်ယာဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဦးခေါင်း ငယ်ထိပ်ယာ ဘက်ဘေး(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ အပေါ်နှုတ်ခမ်းအထက် ယာဘက်တွင် (၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်တို့ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရ၍ ထောက်ကြန့်နယ်မြေ
ရဲစခန်း(ပ) ၆၂၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ သေဆုံးသူ အမျိုးသားနှင့်ပတ်သက်၍ မည်သူဖြစ်ကြောင်းသိရှိ သူများမှ အောက်ဖော်ပြပါဖုန်းနံပါတ် များသို့ ကူညီဆက်သွယ်သတင်းပေးနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးဖုန်း 199၊ ၀၁-၂၃၂၃၁၉၉
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးဖုန်း ၀၁-၆၄၅၈၂၄
မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဖုန်း ၀၁-၆၃၅၁၄၈
ထောက်ကြန့်နယ်မြေရဲစခန်းဖုန်း ၀၁-၉၄၃၇၀၃၂
ထောက်ကြန့်နယ်မြေရဲစခန်းမှူးဖုန်း ၀၉-၂၅၁၀၃၂၀၄၉

Yangon Police
https://www.facebook.com/yangonpolice
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့တွင် သေဆုံးသူနှင့်ပတ်သက်၍ မည်သူဖြစ်ကြောင်းသိရှိသူများမှ ကူညီ ဆက်သွယ်သတင်းပေးပါရန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့တွင် သေဆုံးသူနှင့်ပတ်သက်၍ မည်သူဖြစ်ကြောင်းသိရှိသူများမှ ကူညီ ဆက်သွယ်သတင်းပေးပါရန် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.