စက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား နောက်မှဝင်တိုက်မိ၍ တစ်ဦးသေဆုံး


မူဆယ် ဇွန် ၂၁

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာနှင့် အောက်တုန်ခန်ကြား ပြည်ထောင်စုလမ်းမကြီးဘေး၌ ဇွန် ၂ဝ ရက် ညနေ ၃ နာရီခန့်က ရပ်ထား သောယာဉ်ကို နောက်မှ ကားတစ်စီးက ဝင်တိုက်မိခဲ့ရာမှ တစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်၂ဝ ရက်က ယာဉ် မောင်း ကိုရန်လင်းအောင် (၂၆နှစ်) မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာနေထိုင် သူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ တစ်ဦး(စုံစမ်းဆဲ)တို့ မောင်းနှင်လာသည့် ခြောက်ဘီးယာဉ်သည် ဖြုန်းကျောက် များ တင်ဆောင်မောင်းနှင်လာစဉ် မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာနှင့် အောက်တုန်ခန်ကြားအရောက် ဘရိတ် ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး တွင် ရပ်တန့်ထားသော ကျောက်တင် ၁ဝ ဘီးယာဉ်ကို နောက်မှ ဝင်တိုက်မိ ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးယာဉ်မှာပျက်စီးခဲ့ပြီး မူဆယ် မြို့နယ် ပန်ခမ်းကျေးရွာနေ ယာဉ်မောင်း ကိုရန်လင်းအောင်တွင် ဒဏ်ရာများရရှိ ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူတစ်ဦး မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံး ခဲ့ကြောင်း သိရ သည်။

 ဒဏ်ရာရလူနာကို ဆေးကုသမှုခံယူရန်အတွက် မူဆယ်ခရိုင် ပြည်သှူဆေးရုံကြီးသို့ (၁ဝ၅)မိုင် ပါရမီ လူမှုကူညီရေးအသင်းယာဉ်ဖြင့် လည်း ကောင်း၊ သေဆုံးသူကို မူဆယ်ကရုဏာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် လည်း ကောင်း ပို့ဆောင်ပေးခဲ့သည်။

သန့်ဇင်(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား နောက်မှဝင်တိုက်မိ၍ တစ်ဦးသေဆုံး စက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား နောက်မှဝင်တိုက်မိ၍ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:52 Rating: 5
Powered by Blogger.