![]() |
ကုန်သွယ်ဘက် နိုင်ငံတွေက အမေရိကန်ကို အပြင်းအထန် ဝေဖန် |
အီးယူ၊ မက္ကဆီကိုနဲ့ ကနေဒါ တို့လို နိုင်ငံရပ်ခြား တိုင်းပြည်တွေက လာတဲ့ သံမဏိတွေ အပေါ် အခွန် ၂၅ ရာခိုင်နှုန်းထိ စည်းကြပ်မှာ ဖြစ်သလို၊ အလျူမီနီယံ ပစ္စည်းတွေ အပေါ်မှာလည်း ၁ဝ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။
အခွန်တိုးမြှင့်တာ ချက်ခြင်း မလုပ်သေးပဲ အီးယူ ကုန်ပစ္စည်းတွေကို ၂ လကြာ ကင်းလွတ်ခွင့် ပေးပြီး ဆွေးနွေးခဲ့ကြ ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ဝီလ်ဘာ ရော့စ်က ဆိုပါတယ်။
မြောက် အမေရိက ဒေသ နိုင်ငံတွေ တလွှား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူမှုကိုလည်း ကနေဒါ၊ မက္ကဆီကို နိုင်ငံတွေနဲ့ အမေရိကန်ကြား ပြန်လည် သုံးသပ် ညှိနှိုင်း ခဲ့ကြတာကလည်း မျှော်လင့်ထားတာထက် ပိုပြီး ကြာမြင့် ခဲ့တယ်လို့ မစ္စတာ ရော့စ်က ဆိုပါတယ်။
![]() |
အီးယူ၊ ကနေဒါနဲ့ မက္ကဆီကိုအပေါ် ပြစ်တင်စကား ဆိုတဲ့ ဝီလ်ဘာရော့စ် |
အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှုကို လက်တုံ့ပြန် ဆောင်ရွက်မှာ ဖြစ်တယ် ဆိုပြီး ကနေဒါ၊ အီးယူနဲ့ မက္ကဆီကို နိုင်ငံတွေက ပြောပါတယ်။
![]() |
သံမဏိနဲ့ အလျူမီနီယံအပေါ် အမေရိကန် ပစ်မှတ်ထား |
![]() |
ဒေါ်လာ ၁၂.၈ ဘီလီယံဖိုး ကနေဒါ နစ်နာ |
အီးယူနဲ့ မက္ကဆီကို နိုင်ငံတွေကလည်း အလားတူ သဘောထားမျိုး ရှိနေပါတယ်။
အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းပြီး ဥပဒေနဲ့လည်း မညီညွတ်ဘူးလို့ ပြင်သစ် သမ္မတ အေမန်ဝဲလ် မက်ခရွန်းက ဆိုပါတယ်။
မစ္စတာ မက်ခရွန်းရဲ့ ပြောဆိုမှုကို ဂျာမနီ အစိုးရ ပြောရေးဆိုခွင့် ရှိသူ စတယ်ဖန် ဇိုင်းဘတ်ကလည်း ထောက်ခံခဲ့ပါတယ်။
![]() |
နယူးယောက်မြို့ကို ရောက်လာတဲ့ ကင်မ်ယန်ချိုးလ် |
ဒါ့ကြောင့် ဒီ အခြေအနေကနေ တခါ ပြန်ပြီး ပျက်ယွင်းသွားမယ် ဆိုရင် အင်မတန် ဝမ်းနည်းဖို့ ကောင်းလိမ့်မယ်လို့ ဝန်ကြီး ပွန်ပေအိုက ဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ အနီးကပ် လူယုံဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကင်မ်ယန်ချိုးလ်နဲ့ နယူးယောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ အပြီး မစ္စတာ ပွန်ပေအိုက အခုလို ပြောလာတာ ဖြစ်ပါတယ်။
![]() |
ရုရှားနိုင်ငံခြားရေး ဝန်ကြီးလည်း ပြုံယမ်းကိုသွား |
လာမယ့် ဇွန်လထဲ ထရမ့်နဲ့ ကင်မ်တို့ တွေ့ဆုံကြမယ့် ထိပ်သီး အစည်းအဝေး ပျက်မသွားအောင် နှစ်နိုင်ငံစလုံး ဘက်က ကြိုးစား ဆောင်ရွက် နေကြတာ တွေ့နေရပါတယ်။
ဇွန်လ ၁ သောကြာနေ့မှာ ကင်မ်ဂျုံအွန်း ဆီက ပေးပို့တဲ့ စာတစ်စောင် လက်ခံရရှိဖို့ မျှော်လင့် ထားတယ် ဆိုပြီး သမ္မတ ထရမ့်က ပြောပါတယ်။
စာထဲ ဘယ်လို အကြောင်းအရာတွေ ပါဝင်မလဲ ဆိုတာ အတိအကျ မသိရပေမယ့်၊ ထိပ်သီး ဆွေးနွေးပွဲမှာ ပြောဆိုကြမယ့် အကြောင်းအရာတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
သံမဏိနဲ့ အလျူမီနီယံတွေ အပေါ် အခွန် တိုးမြှင့်မှု စတင် သက်ဝင်လာ
Reviewed by THITHTOOLWIN
on
09:24
Rating:
