လားရှိုး ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မရဲစခန်းနယ်မြေ၌ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၂နာရီက အမျိုးသမီး တစ်ဦးတည်း ရှိနေချိန်တွင် ခြိမ်း ခြောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ လားရှိုးမြို့ရပ်ကွက် (၉) နယ်မြေ (၅) ဘော်ဒါဆောင် တံတားအနီးရှိ လမ်းအတွင်းနေထိုင် သည့် ကိုဇေယျာထွန်း၏ နေအိမ် တွင် ၄င်း၏ဇနီးဖြစ်သူတစ်ဦးတည်း ရှိနေခိုက် အမည်မသိဆိုင်ကယ်နှင့် လူတစ်ဦးမှ နေအိမ်အတွင်းသို့ဝင် ရောက်လာပြီး ဓားဖြင့်ခြိမ်းခြောက် ကာ ငွေကျပ် ၁၅ သိန်းခန့်နှင့် ရွှေဆွဲကြိုး(စိစစ်ဆဲ) တစ်ကုံးအပါ အဝင် နားကပ်တစ်ရန်(စိစစ်ဆဲ) တို့ကို ခြိမ်းခြောက်ဓားပြတိုက်ယူ သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပါဝင် သော တပ်ဖွဲ့ဝင်များမှ အချိန်နှင့် တစ်ပြေးညီတရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ကနဦးသိရသည်။
ကျော်ကျော်(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net