ပုသိမ်ကြီးမြို့နယ်၌ ရထားနှင့် ဆိုင်ကယ်တိုက်မိ၍ ကျောင်းဆရာမ တစ်ဦး သေဆုံး


၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ၁၈၁၅ အချိန်ခန့် က ပုသိမ်ကြီးမြို့ နယ် အိုးဘို-ဒေါနဘူတာ မိုင်တိုင်(၃၆၂/၁၅-၁၆)ကြား တရားမဝင်သံလမ်းကူး၌ စက်ခေါင်းမောင် ဦးစိုးဝင်း ခုတ်မောင်းလာသော အမှတ်(မ-၄၄) အစုန်ရထားအား ကျောင်းဆရာမ ဒေါ်နုနုထွေး(၃၀)နှစ် မောင်းနှင်သောဆိုင်ကယ်မှ ရထား သံလမ်းအား ဖြတ်ကူးစဉ် ဝင်ရောက်တိုက်မိခဲ့ရာမှ ရရှိဒဏ်ရာများကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ဒေါ်နုနုထွေးတွင် နားရွက်၊ ဝဲခြေမျက်စိပြတ်၊ မျက်နှာဝဲဘက်၊ ဝမ်းဗိုက်ပွန်းပဲ့ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ၁၈၄၀ အချိန်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုအား ပုသိမ်ကြီးမြို့မရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် (၁၄/၂၀၁၈)ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပုသိမ်ကြီးမြို့နယ်၌ ရထားနှင့် ဆိုင်ကယ်တိုက်မိ၍ ကျောင်းဆရာမ တစ်ဦး သေဆုံး ပုသိမ်ကြီးမြို့နယ်၌ ရထားနှင့် ဆိုင်ကယ်တိုက်မိ၍ ကျောင်းဆရာမ တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.