ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းဘောလုံးသမားတွေရှာဖွေရေး တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများ ကူညီရန် ရောက်ရှိ

ချင်းရိုင်ခရိုင်ရှိ Tham Luang Nang Non ဂူအတွင်းပိုင်းနေရာအား တွေ့ရစဉ် (ဆင်ဟွာ) Asia
ဘန်ကောက်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လိုဏ်ဂူဆိုင်ရာ ကယ်ဆယ်ရေးကျွမ်းကျင်သူအဖွဲ့ တစ်ဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ချင်းရိုင်ခရိုင်အတွင်း ရေလွှမ်းမိုးမကြောင့် ခြောက်ရက်ကြာ ပိတ်မိနေသည့် ထိုင်းလူငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြ ၁ ဦးတို့ရှိရာ လိုဏ်ဂူသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အမျိုးသား ၆ ဦးပါဝင်သည့် အဆိုပါအဖွဲ့သည် ရေအောက်စက်ရုပ်၊ ရေငုပ်ကိရိယာနှင့် ဂူ၏ သုံးဖက်မြင် ပုံရိပ်ဖော်စက် အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများ ယူဆောင်လာခဲ့သည်။

လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတို့သည် ဇွန်လ ၂၃ ရက်က ချင်းရိုင်ခရိုင်ရှိ Tham Luang Nang Non ဂူအတွင်း ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ၎င်းတို့ကို ရှာဖွေခြင်းသည် ဇွန်လ ၂၉ ရက်နေ့က ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီး ကြောက်မက်ဖွယ် မိုးရွာသွန်းမှုများနှင့် ရေလျှံမှုကြောင်း ရှာဖွေရေးလုပ်ငန်းကို နှောင့်နှေးစေခဲ့သည်။

အစိုးအဖွဲ့က ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန် စစ်သား ၁၀,၀၀၀ ကျော်စေလွှတ်ထားခဲ့သည်။

ထိုင်းရှာဖွေရေးသမားများသည် အမေရိကန်၊ ဗြိတိန်၊ လာအိုနှင့် မြန်မာ စသည့် နိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များ ကျွမ်းကျင်သူများနှင့် တွဲဖက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/world

ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းဘောလုံးသမားတွေရှာဖွေရေး တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများ ကူညီရန် ရောက်ရှိ ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းဘောလုံးသမားတွေရှာဖွေရေး တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများ ကူညီရန် ရောက်ရှိ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.