မိုးကုတ်မြို့တွင် မြေပြို၍နေအိမ်တစ်လုံထဲမှ လူ ၅ ဦးသေဆုံး


မန္တလေး ၁၄ ဇွန်

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ၊ မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက် ၂း၃၀ ခန့်က မြေပြိုမှုဖြစ်ပွားပြီး နေအိမ်တစ်လုံးအတွင်း နေထိုင်သူ ၅ ဦး သေဆုံးခဲ့ကြောင်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံထူးမှ ပြောသည်။

အဆိုပါမြေပြိုမှု ဖြစ်ပွားသည့်နေအိမ်တွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားသုံးဦးတို့သေဆုံးခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက်ကတော့ နေအိမ်၃ ၊ ၄ အိမ်လောက်ပြိုတယ်။ အိမ်တစ် အိမ်ထဲက ညအိပ်ချိန်မှာ ဆိုတော့ မိသားစု ၅ ဦးလုံးမြေပြိုတဲ့ထဲပါသွားပြီးသေဆုံးခဲ့တယ်။ မိုးကုတ်အိမ်တွေက တောင်ကမ်းပါးယံတွေမှာအ ဆင့်ဆင့် ဆောက်ကြ တာဖြစ်တော့ မိုးကြောင့်မြေပြိုတဲ့ သဘောပါ”ဟုဦးကံထူးကပြောသည်။


မိုးကုတ်မြို့တွင် ဇွန် ၁၀ ရက် မှစ၍မိုးရွာသွန်းမှုနင့် လေတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ခြင်း၊ မြေပြိုခြင်း၊အိမ်ပြုကျခြင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေပြို၍နေအိမ်တစ်အိမ်ထဲမှ လူငါးဦးသေဆုံးမှုတွင် ကူညီဆောင်ရွက်ခဲ့သည့် ပါရမီ နာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက "၇ တန်းကျောင်းသားတစ်ယောက်ပါတယ်၊ ဆယ်တန်းကျောင်းသားတစ်ယောက်လဲ သေဆုံးတဲ့အထဲမှာပါတယ်"ဟု ပြောသည်။

မြေပြိုမှုကြောင့် ပျက်စီးသည့်နေရာများအား မြိုနယ်အုပ်ချုပ်ရေး ဦးစီးဌာန၊ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့မိမြို့ဖများနှင့် ပရဟိတအဖွဲ့များက ပြိုကျပျက်စီးမှု များရှင်းလင်းခြင်း၊ သေဆုံးသူများကို ဆေးရုံသို့ပို့ဆောင် ပေးခြင်း၊ ကူညီခဲ့ကြပြီး သေဆုံးသူများ အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုပါ နေရာများအပြင် မိုးကုတ်ဖေါင်တော်ဦးဘုရား ခေါင်းလောင်းအနီး၌ မြေအက်ကွဲမှု များ၊စာသင်ကျောင်းများ အတွင်း ရေ၀င်ခြင်းနှင့် အချို့နေရာများတွင် မြေကျွံခြင်းများလည်း ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

အိမို့မို့ခိုင်
ဓါတ်ပုံ - Ko Ko Min facebook
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိုးကုတ်မြို့တွင် မြေပြို၍နေအိမ်တစ်လုံထဲမှ လူ ၅ ဦးသေဆုံး မိုးကုတ်မြို့တွင် မြေပြို၍နေအိမ်တစ်လုံထဲမှ လူ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.