![]() |
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ် / Photo: RFA |
ဒီလိုပညာတတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကို လူ ၁၂ ဦးကျော်က AP ကို ပြောပြခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ကျေးရွာတစ်ရွာဝင်ရင် မြန်မာ လုံခြုံရေး တပ်သားတွေအနေနဲ့ ကျောင်းဆရာတွေကို ပထမဆုံးခေါ်ယူကြောင်းလည်း ဒုက္ခသည်တွေရဲ့ ပြောကြားချက်တွေနဲ့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ လူ ၆၅ ဦးခန့်က လုံခြုံရေးတပ်တွေအနေနဲ့ ရိုဟင်ဂျာ အသုံး အနှုန်းနဲ့သမိုင်း၊ ယဉ်ကျေးမှုစတာတွေကို ဖျောက်ဖျက်နိုင်အောင် ကျောင်းဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာအသိုင်းဝိုင်းပေါ် သြဇာရှိသူတွေကို ပစ်မှတ်ထားလေ့ရှိတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ AP သတင်းဌာနက မြန်မာ့တပ်မတော်ကို မေးမြန်းရာမှာ အမည်ရာထူး မဖော်ပြလိုတဲ့ အရာရှိတစ်ဦးက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိတဲ့အတွက် ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံကြောင်း၊ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ပညာတတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
ပညာတတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း ရိုဟင်ဂျာတွေ ပြောကြား
Reviewed by THITHTOOLWIN
on
12:01
Rating:
