ဇင်းကျိုက်တောင်ခြေမှ ခေါင်းဝါ တောစပါးကြီးမြွေတစ်ကောင်အား စိမ်းလဲ့တင်သဘာဝ တိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးအပ်


ဇင်းကျိုက် ၅ ဇွန်

မျိုးသုဉ်းလုနီးပါးဖြစ်ပြီး အလျား ၁၃ ပေရှိသည့် ခေါင်းဝါ တောစပါးကြီးမြွေတစ်ကောင်အား မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ဇင်းကျိုက်မြို့ ၊ ဇင်းကျိုက်ဆံတော်ရှင်တောင်ခြေရှိ ကျောက်ဝိုင်းတောရကျောင်းမှ သံဃာတစ်ပါးမှ တွေ့ရှိခဲ့သဖြင့် ထိန်းသိမ်းစောင့်ရှောက်ထား၍ ဇွန် ၄ ရက် မွန်းလွဲပိုင်းအချိန်က ကျိုက်ထိုမြို့ရှိ စိမ်းလဲ့တင် သဘာဝအပန်းဖြေစခန်း တိရစ္ဆာန် ဥယျာဉ်သို့ သွားရောက်လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။

ကျောက်ဝိုင်းတောရ ကျောင်းမှ သံဃာတော် ဦးကေသရ က ဇွန်လ ၃ ရက်နေ့ည က တွေ့ရှိကြောင်း ကို အခုလို ပြောပါတယ်။

"သူ့ကိုတွေ့တဲ့နေ့က ဇွန် ၃ ရက်ည ၇ နာရီကျော်နေပါပြီ။ ဦးဇင်းရဲ့ကျောင်းရှေ့မှာက တောင် တက် ကားလမ်းရှိပါတယ် ။ အဲ့ဒီလမ်းဘက်က ခွေးတွေအရမ်းဟောင်သံကြားလို့ သွားကြည့်မိတော့ ကားလမ်းကို ကန့်လန့်ဖြတ်အနေအထားဖြင့် ဒီမြွေကိုတွေ့ရတာပါပဲ ။ ဦးဇင်းလည်း ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိတော့ စဉ်းစားမိတယ် ။ ဒီအတိုင်းပြန်လွတ်လိုက်ရင်လည်း တွေ့တဲ့လူကတော့ သတ်ဖြတ်ကြမှာပဲလေ ။ မထူးတဲ့အဆုံးတော့ ကျောင်းကိုပြန်ပြီးဂုန်နီအိတ်တစ်လုံးထဲ ဖမ်းထည့်ထားတယ် ။ အိတ်ထဲမှာလည်း ကြာကြာထည့်ထားရင်လဲ အသက်ရှူကျပ်မှာစို့လို့ ရွာထဲက ဒကာတစ်ဦးရဲ့အိမ်က သံလှောင်အိမ်ကို ခဏတောင်းပြီး စောင့်ရှောက်ထားရတယ် ။ မနက်ကျမှ ဒကာတွေနဲ့ တိုင်ပင်ပြီး စိမ်းလဲ့တင် သဘာဝအပန်းဖြေစခန်းက တာဝန်ရှိသူတို့အား လာရောက်လွှဲပြောင်းပေးအပ်ရခြင်း ဖြစ်ပါတယ် " ဟု ဦးကေသရ က မိန့်ကြားသည် ။

နေခြည် (ဇင်းကျိုက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

ဇင်းကျိုက်တောင်ခြေမှ ခေါင်းဝါ တောစပါးကြီးမြွေတစ်ကောင်အား စိမ်းလဲ့တင်သဘာဝ တိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးအပ် ဇင်းကျိုက်တောင်ခြေမှ ခေါင်းဝါ တောစပါးကြီးမြွေတစ်ကောင်အား စိမ်းလဲ့တင်သဘာဝ တိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးအပ် Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.