မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားသူကို ဖမ်းဆီးအရေးယူ


မိုးညှင်း ဇွန် ၎

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်မြို့တွင် အသက်ရှစ်နှစ် အရွယ် မိန်းကလေးတစ်ဦးအား အသက် ၆၃နှစ်အရွယ် အမျိုးသား တစ်ဦးကသားမယားအဖြစ်ပြုကျင့် ရန် ကြိုးစားအားထုတ်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ အရေးယူ ထားခဲ့သည်။

စုံစမ်းသိရှိရသည်မှာ ယမန်နေ့ နံနက် ၆ နာရီတွင် ဟိုပင်မြို့ ကြာ ကြီးကွင်းကျေးရွာအုပ်စု ငါးမိုင် ကျေးရွာတွင်နေထိုင်သော ဒေါ်မဖြူ (၃၈နှစ်)သည် ခင်ပွန်းဖြစ်သူ ဦးဖိုး ချိုနှင့်အတူ ငါးမိုင်ချောင်းအတွင်း သဲကျောက်တူးခြင်းလုပ်ငန်းသွား ရောက်လုပ်ကိုင်စဉ် နေအိမ်၌ သမီး ဖြစ်သူမ---(ရှစ်နှစ်)နှင့် သား ဖြစ်သူဝင်းဇော်ထွေးငါးနှစ်တို့အား ထားခဲ့ရသည်။

ဒေါ်မဖြူသည် နံနက် ၇ နာရီ တွင် နေအိမ်သို့ပြန်လာစဉ် သမီး ဖြစ်သူ ငိုယိုနေသည်ကို တွေ့ ရ၍မေးမြန်းခဲ့ရာ တစ်ရပ်ကွက် တည်းနေဦးကျော်ဝင်းက နေအိမ်သို့ ရောက်ရှိလာပြီး မ--အားနေအိမ် အနောက်ဘက် အိမ်သာဘက်သို့ ခေါ်သွားပြီး သားမယားအဖြစ်ပြု ကျင့်ရန်ကြိုးစားခဲ့ပြီး မိဘများအား ပြန်မဟြေရန်နှင့် ပြန်ဟြေပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ငွေ၁ဝဝတန်တစ်ရွက်ပေးခဲ့ကြောင်း သမီး၏ ဟြေကြားချက်အရ သိရ သည်။

ထို့နောက် ဒေါ်မဖြူက တရား လိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သဖြင့် သက်ငယ်မုဒိမ်းမှုကျူးလွန်ရန် ကြိုး စားအားထုတ်သူ ဦးကျော်ဝင်း (၆၃နှစ်) ငါးမိုင်ကျေးရွာ ကြာကြီး ကွင်းကျေးရွာအုပ်စု ဟိုပင်မြို့နေ ထိုင်သူအားဟိုပင်နယ်မြေရဲစခန်းမှ (ပ)၂၄/၂ဝ၁၈၊ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုရေးဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားသူကို ဖမ်းဆီးအရေးယူ မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားသူကို ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.