ဓားကိုင်ရမ်းကားသူအား သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ


၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့် က စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အုန်းသာကျေးရွာနေ ထွန်းရီ(၄၉)နှစ်သည် ကျေးရွာအတွင်း အရက်သောက်စားပြီး ဓားကိုင် ရမ်းကားနေကြောင်း သတင်းအရ ဖောင်းပြင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်ထိန်းသိမ်းစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရပါသည်။

 ထွန်းရီသည် ၎င်းကိုင်ဆောင်ထားသည့် အရိုးအသွား(၁)ပေ(၁၀) လက်မ ခန့်ရှိ ဓါးဦးချွန်ဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အား ပြေးခုတ်သောကြောင့် 12 Bore Pump Action သေနတ်ဖြင့် တားဆီးပစ်ခတ်ခဲ့ရာ ထွန်းရီ တွင် ဝဲ/ယာပေါင်၊ ဆီးစပ်၊ ခါးတို့တွင် ပေါက်ပြဲဒဏ်ရာ များ(မစိုးရိမ်ရ)ရရှိခဲ့သောကြောင့် ထွန်းရီအား ဖောင်းပြင်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

 ထွန်းရီ အား ဖောင်းပြင်မြို့မရဲစခန်း(ပ)၆၇/၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(င) ဖြင့်လည်း ကောင်း၊ (ပ)၆၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ (တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားနှောင့်ယှက် လက်ရောက်ကျူးလွန်မှု)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဓားကိုင်ရမ်းကားသူအား သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ ဓားကိုင်ရမ်းကားသူအား သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.