အမ်းမြို့နယ် ၌ မော်တော်ယာဉ်တစ်စီး ရေကျော်နေသောလမ်းအားဖြတ်ကူးစဉ် တောင်ကျရေစီးနှင့် မျောပါ၊ လူနှစ်ဦးသေဆုံး

ရေစီးနှင့်မျောပါသွားသည့်မော်တော်ကားအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကြိမ်ချောင်းကျေးရွာအနီး၌ 9J/ ×××× SURF ယာဉ်သည် ရေကျော်နေသော ကားလမ်းအား ဖြတ်ကူးရာ တောင်ကျရေစီးနှင့်အတူ မျောပါသွားသဖြင့် ဇွန်လ ၁၅ ရက်နေ့ ၁၄း၃၀နာရီ အချိန်တွင် အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရှာဖွေစုံစမ်းခဲ့ရာ ကြိမ်ချောင်းကျေးရွာအထွက် ကားလမ်း၏ ဝဲဘက်ကမ်းစပ်တွင် မျောပါသွားသည့် ယာဉ် နှင့်အတူ  ယာဉ်အတွင်း၌ ကျား ၁ ၊ မ ၁ ဦးတို့၏ အလောင်းများ အား တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ ၁၂း၃၀နာရီ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  စစ်ဆေးချက်များအရ ယာဉ်မောင်းမှာ ဦးဇော်မင်းသိုက်(၄၁)နှစ်နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူမှာ ဒေါ်စံဝင်းခိုင်(၅၂)နှစ် တို့ဖြစ်ကြောင်း သိရှိရကြောင်းနှင့် ဦးဇော်မင်းသိုက်ပါ ၂ ဦး သေဆုံးမှုနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှသေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၈)ဖြင့် ရေးဖွင့် စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://xinhuamyanmar.com
အမ်းမြို့နယ် ၌ မော်တော်ယာဉ်တစ်စီး ရေကျော်နေသောလမ်းအားဖြတ်ကူးစဉ် တောင်ကျရေစီးနှင့် မျောပါ၊ လူနှစ်ဦးသေဆုံး အမ်းမြို့နယ် ၌ မော်တော်ယာဉ်တစ်စီး ရေကျော်နေသောလမ်းအားဖြတ်ကူးစဉ် တောင်ကျရေစီးနှင့် မျောပါ၊ လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.