ကျောက်တံခါးမြို့တွင် လေဆင်နှာမောင်းတိုက်ခတ် တစ်ဦးသေဆုံး


ကျောက်တံခါး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ်တွင် ယမန်နေ့ ည ၈ နာရီခွဲခန့်က လေဆင်နှာမောင်း တိုက်ခတ်သဖြင့် လက်ခံကျေးရွာ အုပ်စုအတွင်းရှိတလိုင်းဆန်းဘုရား စိန်ဖူးတော်မြေခ၍ ကျောင်းဆောင် များပျက်စီးကာ ဘုရားအနီးတစ် ဝိုက်တွင်နေထိုင်ကြသောလူနေအိမ် အလုံး၂ဝ ခန့် အမိုးလန်ပျက်စီးခဲ့ပြီး ကိုစောချစ်ချစ်(၃၂နှစ်)သည်နေအိမ် အတွင်း အုန်းပင်ပိကာ သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့အတူဖဒိုဒေသခင်တန်းကြီး မူလွန်ကျောင်းမှာလည်း သွပ်အမိုး များလန်ကာ စာသင်ဆောင်နှစ်ခန်း ဒိုင်း မြားများ ပြုတ်ထွက်ပျက်စီး ခဲ့ပြီး ကျောက်တံခါးမြို့ပေါ်နေရာ များ၌ သစ်ပင်သစ်ကိုင်းများ ပြိုလဲ ခြင်းနှင့် လျှပ်စစ်မီးကြိုးမီးတိုင်များ ပြုတ်ကျခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ် သည့်နေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံစာရင်း ကောက်ယူကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလေဘေးသင့်ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက် မှုများကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
ကျောက်တံခါးမြို့တွင် လေဆင်နှာမောင်းတိုက်ခတ် တစ်ဦးသေဆုံး ကျောက်တံခါးမြို့တွင် လေဆင်နှာမောင်းတိုက်ခတ် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.