ယူရေနီယံသန့်စင်ရေးပစ္စည်း စက်ရုံ တည်ဆောက်နိုင်တယ်လို့ပြော


အီရန်နိုင်ငံအနေနဲ့ အနုမြူလက်နက်တွေမှာ သုံးနိုင်တဲ့ ယူရေနီယံ သန့်စင်ရေးလုပ်ငန်းအတွက် လိုအပ်မယ့် centrifuge စက်ပစ္စည်းအစိတ်အပိုင်း စက်ရုံကို နေ့ချင်း တည်ဆောက်နိုင်တယ် လို့ အီရန် ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံ အနုမြူစွမ်းအင်အဖွဲ့ ဒု-ခေါင်းဆောင် ဆာလာဟီက ဒီလိုစက်ရုံ ဆောက်တာဟာ ၂၀၁၅ ခု နိုင်ငံတကာ နျူကလီးယား သဘောတုညီချက်ကို ချိုးဖေါက်ရာ မကျဘူး၊ ချက်ချင်းလက်ငင်းလဲ centrifuge တွေ ထုတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအချက်ကို အီးယူ ပညာရှင်တွေကလဲ ဟုတ်မှန်တယ်လို့ ထောက်ခံပါတယ်။

အီရန်နိုင်ငံ က အခုလို စကားပြောလိုက်တဲ့အတွက် အနောက်ဥရောပ နိုင်ငံတွေအနေနဲ့ အမေရိကန်အစိုးရက နောက်ဆုတ်သွားတဲ့ ၂၀၁၅ ခုနှစ် က နျူကလီးယား သဘောတုညီချက်ကို ဆက်လက်အကောင်အထည်ဖေါ်ရေးကိစ္စကို အပူတပြင်း အဖြေရှာဖို့ လိုအပ်လာစေတယ်လို့ AFPသတင်း က ဖေါ်ပြ ပါတယ်။

( ပုံ-အီရန် သမ္မတ ရိုဟီနီကို စည်းဝေးပွဲတခုမှာတွေ့ရစဉ်)
RFA Burmese
https://www.facebook.com/rfaburmese
ယူရေနီယံသန့်စင်ရေးပစ္စည်း စက်ရုံ တည်ဆောက်နိုင်တယ်လို့ပြော ယူရေနီယံသန့်စင်ရေးပစ္စည်း စက်ရုံ တည်ဆောက်နိုင်တယ်လို့ပြော Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.