စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဟာ ရှေ့အပတ်မှာ ကျင်းပမယ့် အမေရိကန်- မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတရပ်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ခရီးထွက်သွားပါတယ်။
သူဟာ မြောက်ကိုရီးယား သမ္မတ ကင်ဂျုံနမ်း အပါအဝင် မြောက်ကိုရီးယား ထိမ်တန်း အရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာထားပါတယ်။
ဘာလာခရစ်ရှ်နန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး အခု မြောက်ကိုရီးယား ကို သွားတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ စင်ကာပူနိုင်ငံ စင်တိုဆာကျွန်းမှာ အခုလ ၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
( ပုံ - မလေးရှား အင်စိုက် )
RFA Burmese
https://www.facebook.com/rfaburmese/
ထိပ်သီး ဆွေးနွေးပွဲအတွက် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြုံယမ်းသွား
Reviewed by THITHTOOLWIN
on
05:56
Rating:
