နေပြည်တော်၊ ဇွန် ၅
၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ၀၀၃၀ မိနစ်အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၂၆/၄-၅)ကြား ဆပ်သွားတောကျေးရွာ၌ ရန်ကုန်မှ ပြည်မြို့ဘက်သို့ မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်နေ ဖြိုးဝေလင်း(၃၀)နှစ် မောင်းနှင်လာသော 1L/×××× Hyundai Bus ခရီးသည် တင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ တိုက်ကြီးမြို့နယ်၊ အိုးတန်း ရပ်ကွက်နေ လှမင်းနိုင်(၃၅)နှစ် မောင်းနှင်းသော Q/×××× Toyota Hilux ယာဉ်အား ဝင်ရောက် တိုက်မိခဲ့သဖြင့် (၄)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
Toyota Hilux ယာဉ်ပေါ်ပါ မှော်ဘီမြို့နေ ဦးမြင့်နိုင်(၅၆)နှစ်ပါ ကျား(၃)ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်မောင်း လှမင်းနိုင် ပါ(၂)ဦးတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများနှင့် Hyundai Bus ယာဉ်မောင်း ဖြိုးဝေလင်းတွင် ဒဏ်ရာများရရှိခဲ့ သောကြောင့် မှော်ဘီဆေးရုံသို့ပို့ဆောင်စဉ် ဖြိုးဝေလင်းမှာ သေဆုံးသွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုအား မှော်ဘီမြို့မ ရဲစခန်းယာဉ်(ပ)၄၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
မှော်ဘီမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ (၄)ဦးသေ၊ (၂)ဦးဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
19:02
Rating:
