သုံးခွမြို့ မှာ ကလေး (၃)ဦး ရေနစ်သေဆုံး

သုံးခွမြို့ အမှတ်(၉)ရပ်ကွက်အပိုင် ဖရုံလမ်းခွဲအုတ်ပေါက်အနီး ရေမြောင်း၌ ကလေးသုံးဦး ရေနစ်သေဆုံး
သုံးခွ ဇွန် ၎

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့ အမှတ် (၉)ရပ်ကွက် ဖရုံလမ်းခွဲဘေး ရေမြောင်းအနက် ၆ ပေ၊အကျယ် ၁၀ ပေ၊ အရှည် ၁၅ ပေ၌ ကလေးသုံးဦး ရေနစ်သေဆုံးသွားကြောင်း ဇွန် ၄ ရက် နံနက် ၁၁ နာရီခန့်က သိရသည်။

သေဆုံးသူများမှာ အမှတ်(၈)ရပ်ကွက် ပဒုမ္မလမ်းနေ ထက်ပိုင်ဦး ၆ နှစ်(ဘ)ဦးထွန်းထွန်းနိုင်၊ အမှတ်(၉)ရပ်ကွက်အလံတိုင်၊ သီရိသုခ လမ်းနေ ဦးကျော်မြင့်ထွန်း၏သားများဖြစ်ကြသော မောင်လှိုင်မင်း အသက် (၉)နှစ်၊ မောင်စိုင်းခန့်သူ အသက်(၇)နှစ်တို့ ဖြစ်သည်။


အဆိုပါ ကလေး (၃)ဦးမှာ ဇွန် ၃ ရက် ညနေ ၃ နာရီခန့်က မိဘများနေအိမ်သို့ ပြန်လည်မရောက်လာသဖြင့် လိုက်လံရှာဖွေရာမှ ရေနစ်သေဆုံးခြင်းဖြစ်ပြီး ဇွန် ၄ ရက် နံနက် ၁၀ နာရီခွဲခန့်က မိဘဆွေမျိုးများက လိုက်လံရှာဖွေရာမှ တွေ့ရကြောင်းသိရသည်။


ကလေးငယ်သုံးဦးတို့မှာ ဇွန် ၃ ရက် ညနေ ၃ နာရီခန့်က အမှတ် (၉)ရက်ကွက် လူထုလမ်းရှိ ရေကန်ဘောင်ပေါတွင် ဆော့ကစားနေစဉ် အဒေါ်ဝမ်းကွဲတော်စပ်သူ မစိမ့်ဇာနည်က တွေ့မြင်၍ မဆော့ရန်အော်လွှတ်ရာမှ ၎င်းတို့သုံးဦး ထွက်ပြေးသွားခဲ့ရာ ညနေ ၅ နာရီကျော်ထိ နေအိမ်သို့ပြန်မလာသဖြင့် မိသားစုများက လိုက်လံရှာဖွေရာ ယခုကဲ့သို့ ရေနစ်သေဆုံးနေပြီး အလောင်းအား စစ်ဆေးရာပြင်ပဒဏ်ရာ တစ်စုံတရာ မတွေ့ရဘဲ နှုပ်ခမ်းပြာ၊ နားရွက်ရွှံ့များပေ၊ ခြေလက်များနူးပွပြီး ရေနစ်သေဆုံးလက္ခဏာများဖြင့် သေဆုံးနေသည်ကိုတွေ့ရ၍ အလောင်းအား သုံးခွမြို့ပြည်သူ့ဆေးရုံသို့ ပေးပို့ရာ တာဝန်ကျဆရာဝန် က PR 010/011/012တို့ဖြင့် လက်ခံ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ သုံးခွမြို့မရဲစခန်းမှ ဓမ္မတာအတိုင်းသေးဆုံးခြင်း ဟုတ်/မဟုတ်အတည်ပြုနိုင်ရန် သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၈)ရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဓါတ်ပုံ - သုံးခွလူမှုပုံရိပ်
စည်သူလင်း (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သုံးခွမြို့ မှာ ကလေး (၃)ဦး ရေနစ်သေဆုံး သုံးခွမြို့ မှာ ကလေး (၃)ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 23:59 Rating: 5
Powered by Blogger.