မြန်မာ့ ဆန်တန်ချိန် ၂ သိန်း အထိ ဘင်္ဂလားဒေ့ရှ်က ဇူလိုင်လမှာဝယ်မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် တသိန်း မှ ၂ သိန်း အထိရှေ့လာမဲ့ ဇူလိုင်လမှာ ၀ယ်ယူဘို့အစီအစဉ်ရှိတယ်လို့ မြန်မာဆန်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်ကပြောပါတယ်။ ဒီကိစ္စအတွက် ပြီးခဲ့တဲ့နှစ်ဒီဇင်္ဘာလက အစိုးရချင်းသဘောတူထားတာဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ အနေနဲ့ ၂၀၁၇ ခုနှစ်က ဆန်တန်ချိန် ၁၂ သိန်းကို တင်ဒါခေါ်ပြီးဝယ်ယူခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလာဒေ့ရှ်ကို ဆန်တန်ချိန် ၃ သိန်းရောင်းမယ်လို့ MoU သဘောတူညီချက်လက်မှတ်ရေးထိုးထားပြီး မနှစ်က ဒီဇင်္ဘာအထိ တန်ချိန် ၁သိန်းတင်ပို့ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈-၁၉ခု ဘဏ္ဍာနှစ်တွေမှာ ဆန်နဲ့ ဆန်ကျိုး ကနေ အမေရိကန်ဒေါ်လာ ၉၆သန်း ရရှိခဲ့ပြီး အခုနှစ်မေလ ၁၁ရက်အထိ တန်ချိန် ၂သိန်း ၇ေ သာင်းနိုင်ငံခြားကို တင်ပို့ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မနှစ်က ၂၀၁၇-၁၈ ခု ဘဏ္ဍာနှစ်မှာ ဈေးကွက်သစ်တွေ စတင်ရရှိ လာတာကြောင့် အနှစ်၅၀ အတွင်း စံချိန်အဖြစ်နဲ့ ဆန်တန်ချိန် ၃.၆သန်းလောက်နိုင်ငံခြားကို တင်ပို့ခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ