ထိုင်းနို်င်ငံ မြောက်ပိုင်းချင်းရိုင်ပြည်နယ်အတွင်း ကုန်တင်ကားအပြည့် တင်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၅ သန်းနီးပါး ဖမ်းဆီးရမိ


4June 2018

ထိုင်း မြောက်ပိုင်း ချင်းရိုင် ပြည်နယ် ဖမ် မြို့ နယ် မဲယင်ခရိုင် ရဲစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၂ ရက်နေ့ က ဖမ်းမိခဲ့တဲ့ ရာဘ စိတ်ကြွဆေး ဟာ ၂၀၁၈ ခုနှစ် နှစ်မှာ အများဆုံး အလုံးအရင်းနဲ့  မိခဲ့တာလို့  သိရပါတယ်။

ရာဘ စိတ်ကြွဆေးပြားပေါင်း 14,936,000 - ၁၄ ၉၃၆၀၀၀ တွေကို အစိမ်းရောင် အိပ် ၇၅ ထုတ်နဲ့  ထုတ်ထားပြီး Hino အမျိုးအစား ငွေရောင် ကုန်တင်ယာဉ် လိုင်စင်နံပါတ် ၇၀-၇၅၇၇ ပေါ်မှာ တင်ဆောင်ထားကာ ကုန်တင်ကားနဲ့ က တိုယိုတာ ပစ်ကပ်ကား အနက်ရောင် ကားနှစ်စီးဟာ ရှေ့ နောက် ကပ်ပြီးမောင်းလာကြတာ ဖြစ်ပါတယ်။

မဲယင်ခရိုင် ကျေးရွာ အမှတ်(၅) အုပ်စု အတွင်းက ရဲ စစ်ဆေးရေးဂိတ်မှာ ရပ်တန့် ရှာဖွေရာက မိသွားခဲ့ပါတယ်။ ကားမောင်းလာသူ ထိုင်းနိုင်ငံသား နှစ်ဦး ဖြစ်တဲ့ နိုင် ကစ်တီ ယူတီ မင်မာလာ အသက် (၂၆) နှစ်နဲ့ နိုင်ပရအထန်မနီလာ အသက် ၄၃နှစ်ကို ဖမ်းဆီး စစ်ဆေးခဲ့ရာမှာ ယခုသယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို အယုဓရ ပြည်နယ်အတွင်းက မူးယစ်ကုန်သည်တွေထံ လွဲပြောင်းပေးရမှာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။

ကာလတန်ဘိုး ဘတ်သန်းပေါင်း ၃၀၀၀ နီပါးရှိ စိတ်ကြွဆေးဆေးတွေဟာ မြန်မာနိုင်ငံအတွင်းက ၀ လူမျိုးစုတွေရဲ့  နယ်မြေက ဖြစ်တယ်လို့ ရဲမှူးကြီး Chalermkiat Srivoran ချလန်ကရက် စီရီဘိုရမ် က ထုတ်ဖေါ်ပြောဆိုသွားပါတယ်။။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး စက်ရုံ ကြီး ၃၇ ရုံ ကနေ တနေ့ သန်းရာနဲ့ ချီထွက်တဲ့  ရာဘ စိတ်ကြွဆေးတွေကို ထိုင်းမြန်မာနယ်ခြားဒေသတွေမှာ မူးယစ်နိမ်နင်းရေးတွေ တိုးမြင့်လုပ်ဆောင်လာနေတာကြောင့် ထိုင်းနိုင်ငံ အတွင်းပိုင်း ဒေသတွေဆီ အလုံးအရင်းသယ်ဆောင်ပြောင်းရွေ့ လာနေကြတာလို့ လည်း သိရပါတယ်။

Credit Ch3 /Chaingmai news
Social Action for Children and Women - SAW
ထိုင်းနို်င်ငံ မြောက်ပိုင်းချင်းရိုင်ပြည်နယ်အတွင်း ကုန်တင်ကားအပြည့် တင်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၅ သန်းနီးပါး ဖမ်းဆီးရမိ ထိုင်းနို်င်ငံ မြောက်ပိုင်းချင်းရိုင်ပြည်နယ်အတွင်း ကုန်တင်ကားအပြည့် တင်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၅ သန်းနီးပါး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.