ဇင်ဘာဘွေနိုင်ငံ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူ ၂၃ ဦးအတည်ပြု

(ပုံ - MDC ခေါင်းဆောင် Nelson Chamisa) ( Credit AFP )
ဇင်ဘာဘွေနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မဲ့ သမ္မတလောင်း ၂၃-ဦးကို ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးလိုက်ပါတယ်။ အခုလိုသမ္မတလောင်း ၂၀ကျော် ပါဝင်ယှဉ်ပြိုင်မဲ့ ဇူလိုင်လရွေးကောက်ပွဲဟာ သမ္မတလောင်း အရေအတွက် စံချိန်ချိုးလိုက်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံကို ၃၇နှစ်ကြာအောင် အုပ်ချုပ်ခဲ့တဲ့ သမ္မတ မှုဂါဘီကို စစ်တပ်က ဖြုတ်ချလိုက်ပြီးနောက် သမ္မတ အဖြစ် တာဝန်ယူထားတဲ့ Mnangagwa က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ်လို့ နိုင်ငံတကာကို ပေးထားတဲ့ ဂတိအတိုင်းလုပ်ပေးတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ သူ့ကို အကဲစမ်းတဲ့ပွဲလည်းဖြစ်နေပါတယ်။

ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ဇာနူ PS ပါတီက အသက် ၇၅ နှစ်ရွယ် သမ္မတ Mnangawa နဲ့ အသက် ၄၀ အရွယ် အတိုက်အခံခေါင်းဆောင် ဒီမိုကရေစီပြောင်းလဲရေးပါတီ MDC ခေါင်းဆောင် Chamisa တို့ဟာ ထိပ်ဆုံးက တစ်ပြေးနေကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဇင်ဘာဘွေနိုင်ငံ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူ ၂၃ ဦးအတည်ပြု ဇင်ဘာဘွေနိုင်ငံ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူ ၂၃ ဦးအတည်ပြု Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.