လူလည်ခေါင် မျက်နှာဖုံးထားတာ မလုပ်ဖို့ ဒိန်းမတ်နိုင်ငံ ဆုံးဖြတ်


လူပုံအလည်မှာ မျက်နှာဖုံးအုပ်ထားတဲ့ ဝတ်စားဆင်ယင်မှုအားလုံး တားမြစ်ဖို့ ဒိန်းမတ် လွှတ်တော်က ဒီနေ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ မွတ်စလင် အမျိုးသမီးရယ်လို့ မခွဲခြားဘဲ မည်သူမဆို မျက်နှာကို ဖုံးအုပ်မထားရလို့ ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

 ထောက်ခံမဲ ၇၅ မဲ ကန့်ကွက်မဲ ၃၀ နဲ့ မဲခွဲဆုံးဖြတ်လိုက်တာပါ။ အမိန့် မလိုက်နာသူတွေကို ဒဏ်ငွေ ၁၅၇ ဒေါ်လာ စီရင်မှာ ဖြစ်ပြီး လာမယ့် သြဂုတ်လ ၁ ရက်နေ့ကစတင် အကောင်အထည်ဖေါ်မယ်လို့ ဆိုပါတယ်။

 ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား နိုင်ငံတို့ နဲ့ ဂျာမဏီတောင်ပိုင်းပြည်နယ်တွေမှာလဲ အလားတူ ပြဌာန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လူလည်ခေါင် မျက်နှာဖုံးထားတာ မလုပ်ဖို့ ဒိန်းမတ်နိုင်ငံ ဆုံးဖြတ် လူလည်ခေါင် မျက်နှာဖုံးထားတာ မလုပ်ဖို့ ဒိန်းမတ်နိုင်ငံ ဆုံးဖြတ် Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.