ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် နေအိမ် ၁၂လုံး ပြိုကျပျက်စီး


အမာ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် အမာမြို့ ဒေါ်ညိမ်းကျေး ရွာအုပ်စုတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်ပင်လယ်ဒီရေမြင့်တက်လာ ပြီး ရေလှိုင်းဂယက်များ ရိုက်ခတ် မှုကြောင့် ကမ်းပါးပြိုပြီး လူနေအိမ် ၁၂ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ဒေါ်ညိမ်းကျေးရွာအုပ်စုအတွင်း ရှိ အောင်လှိုင်ကျေးရွာမှ နေအိမ် ခြောက်လုံး၊ သရက်ပင်ဆိပ်ကျေး ရွာမှ နေအိမ်နှစ်လုံး၊ ပက်ပြဲ အေးကုန်းကျေးရွာမှ နေအိမ်လေး လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၂စု၊ လူဦးရေ ၅၄ဦး အိုးအိမ် မဲ့ဖြစ်ခဲ့ကြောင်း၊နေအိမ်ပြိုမှုကြောင့် လူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။

 နေအိမ်ပြိုပျက်သွား သောမိသားစု ၁၂စုသည် ယခု အချိန်တွင် နီးစပ်ရာဆွေမျိုးများအိမ် ၌ နေထိုင်လျက်ရှိပြီး နေအိမ်ပြို ပျက်မှုကြောင့် ကျပ်သိန်း ၆ဝနီး ပါးဆုံးရှုံးခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးက အခင်းဖြစ်နေရာသို့သွားရောက်ပြီး ကူညီပေးနိုင်ရေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝင်းမြင့်အောင်
The Union Daily
https://www.facebook.com/uniondaily.net
ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် နေအိမ် ၁၂လုံး ပြိုကျပျက်စီး ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် နေအိမ် ၁၂လုံး ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.