![]() |
ဆူပူမှု ဖြစ်နေတဲ့ အိန္ဒိယ အုပ်ချုပ်ရာ ကတ်ရှ်မီးယား |
ဆန္ဒပြသူတွေ လူစုကွဲသွားအောင် Srinagar မြို့က ရဲတွေက မျက်ရည်ယိုဗုံးသုံးခဲ့ပြီး လူအုပ်စုထဲကသူ တချို့ကလည်း ခဲတွေနဲ့ ပြန်ပစ်ခဲ့ကြပါတယ်။
အိန္ဒိယအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လာမယ့် သောကြာနေ့မှာ ထပ်တိုး ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက် အခုအခါ အဲဒီမြို့မှာ အာဏာပိုင်တွေက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို အင်တာနက်ဝန်ဆောင်မှုကိုလည်း ပိတ်ထားခဲ့ပါတယ်။
ကတ်ရှမီးယား အရေးနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားပြင်းထန်တဲ့ အငြင်းပွားမှု ရှိနေတာဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
တင့်ကားကြိတ်လို့ ဆန္ဒပြသူသေဆုံးတဲ့ ကတ်ရှ်မီးယားမှာ ညမထွက်ရ ထုတ်ပြန်
Reviewed by THITHTOOLWIN
on
09:02
Rating:
