ပေါင်းတည်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး


ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်မှာ ဇွန် ၃ ရက် ည ၁၀ နာရီခွဲခန့်က မင်းကွက် ၁ ရပ်ကွက် မြို့နယ်စည်ပင်သာယာဝင်းအတွင်းက အများသုံးမြေသားရေကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေတယ်လို့ သတင်းရရှိတာကြောင့် ပေါင်းတည်မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဝင်းနဲ့ တပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေနဲ့အဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ သေဆုံးသူဟာ မောင်သန်း ၄၆ နှစ် စည်ပင်ဝင်း မင်းကွက် ၁ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အရက်မူးနေချိန်မှာ ရေကန်ထဲဆင်းပြီး ကန်စွန်းရွက်ခူးစဉ် ရေနစ်သေဆုံးနေတာဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးပေးဖို့ ဒုရဲအုပ်မြင့်နိုင်က တရားလိုပြုလုပ် တိုင်တန်းတဲ့အတွက် ပ- ၁၃/၂၀၁၈နဲ့ အမှုဖွင့်အရေးယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း-တင်ဝင်းဇော်
Central News Bureau
https://www.facebook.com/onenewsonline
ပေါင်းတည်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး ပေါင်းတည်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.