မြန်မာနဲ့ပွဲမှာ ဆွဲကြိုးဝတ်ခဲ့လို့ တရုတ်ဘောသမားကို တရုတ်ဘောလုံးအဖွဲ့ချုပ် ၁ နှစ်ပိတ်


မေလ ၂၆ ရက်နေ့က ဂျန်နင်းအားကစားကွင်းမှာ မြန်မာဘောလုံးအသင်းနဲ့ ချစ်ကြည်ရေးကစားရာမှာ ဆွဲကြိုးကို တိတ်တဆိတ် ဝတ်ဆင်ခဲ့တဲ့အတွက် တရုတ်စူပါလိခ် ဘောလုံးအသင်းဝင် ရှန်ဟိုင်း SIPG အသင်းက နောက်တန်း ဘောသမား ဝမ်ရှင်ချောင်းကို တရုတ်ဘောလုံးအသင်းက ကစားခွင့် ၁ နှစ် ပိတ်ပင်လိုက်ပါတယ်။

မြန်မာနဲ့ ချစ်ကြည်ရေးဘောလုံးပွဲ မိနစ် ၆ဝ ပြည့် လူစားလဲချိန်မှာ ခြေအိတ်ထဲမှာ ဖွက်ယူလာတဲ့ ဆွဲကြိုးကို လည်ပင်းမှာ ထုတ်ဆွဲခဲ့တဲ့အတွက် အခုလို တရုတ်ဘောလုံးအဖွဲ့က ပြစ်ဒဏ်ပေးလိုက်တာဖြစ်ပြီး ကစားခွင့် ၁၂ လ ပိတ်ပင်လိုက်သလို အမေရိကန်ဒေါ်လာ ၃ ထောင်ကျော်နဲ့ညီမျှတဲ့ ယွမ်ငွေ ၂ သောင်းကို ဒဏ်ရိုက်ခဲ့တယ်လို့ ဒီကနေ့ထုတ် South China Morning Post သတင်းစာက ရေးပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ အပြည်ပြည်ဆိုင်ရာ ဘောလုံးဘုတ်အဖွဲ့ IFAB တို့က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ ဘောလုံးကစားရာမှာ လက်ဝတ်ရတနာဝတ်ဆင်တာလည်းပါဝင်ပါတယ်။

ဝမ်ရှင်ချောင်းဟာ ဒီပြစ်မှုအတွက် တရုတ်ပြည်ရဲ့ Twitter နဲ့တူနဲ့ Sina Weibo လူမှုရေးစာမျက်နှာမှာ တောင်းပန်ခဲ့ပါတယ်။

ဒီပြစ်ဒဏ်ကြောင့် UAE မှာ ဇန်နဝါရီလထဲမှာ စတင်မယ့် အာရှဖလားခြေစစ်ပွဲတွေကို ဝင်ရောက်ကစားခွင့်ရရှိမှာ မဟုတ်ဘူးလို့ သတင်းစာမှာ ရေးသားထားပါတယ်။

Photo -Wild East Football Twitter
RFA Burmese
https://www.facebook.com/rfaburmese
မြန်မာနဲ့ပွဲမှာ ဆွဲကြိုးဝတ်ခဲ့လို့ တရုတ်ဘောသမားကို တရုတ်ဘောလုံးအဖွဲ့ချုပ် ၁ နှစ်ပိတ် မြန်မာနဲ့ပွဲမှာ ဆွဲကြိုးဝတ်ခဲ့လို့ တရုတ်ဘောသမားကို တရုတ်ဘောလုံးအဖွဲ့ချုပ် ၁ နှစ်ပိတ် Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.