မတည်မငြိမ်ဖြစ်နေတဲ့ ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်မှာ ပါကစ္စတန် အာဏာပိုင်တွေက ၂၄နာရီ ကာဖျူး အမိန့်ကို တိုးချလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေသခံတိုင်းရင်းသားတွေနဲ့ စစ်သွေးကြွ တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပြီး လူ ၃ ဦးသေ၊ လူ၄၀ကျော် ဒဏ်ရာရရှိတာကြောင့် ဖြစ်ပါတယ်။
ဒီပြဿနာဟာ ဒေသတွင်းအားကောင်းလာတဲ့ PTM ခေါ်လူထုကာကွယ်ရေးအဖွဲ့ က တာလီဘန်တွေနဲ့ ဆက်စပ်မှုရှိတဲ့ စစ်သွေးကြွတွေကိုဖယ်ရှားပေးဘို့ တောင်းဆိုတာကြောင့် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာတာပါ။
ထုတ်ပြန်ထားတဲ့ ၂၄နာရီ အပြင်မထွက်ရ အမိန့်ကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက် ရှိတာကြောင့် လူ ၈၀ကျော်ကို ဖမ်းစီးထားပြီး ကာဗြူးကို နယ်မြေတိုးချဲ့ပြီး Waziristan တောင်ပိုင်းတခုလုံးမှာပါထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က PTM တက်ကြွသူတွေနဲ့ မျိုးချစ်များအဖွဲ့က လူ၂ဦးကို သတ်ဖြတ်ခဲ့တာက စတင်ပြီး တင်းမာမှုတွေဖြစ်ပွားခဲ့တာပါ။
RFA Burmese
https://www.facebook.com/rfaburmese/
ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ် ၂၄နာရီ ကာဖျူး အမိန့်ထုတ်ပြန်
Reviewed by THITHTOOLWIN
on
05:56
Rating:
