မြေနီကုန်း ခုံးကျော်တံတားပေါ်၌ ကားတစ်စီး မီးလောင်မှုဖြစ်


ရန်ကုန် ဇွန် ၂

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတားပေါ်၌ ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး ရုတ်တရက်မီးလောင်မှု ဖြစ်ပွား ခဲ့သည်။

အလုံမှ မြေနီကုန်းဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော 6I/ ------- နိုအာ ကိုယ်ပိုင်ယာဉ်သည် မြေနီကုန်းခုံးကျော်တံတားပေါ် သို့ အရောက်တွင် အင်ဂျင်ခန်းတွင်းမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်သည်။

မီးလောင်ရာသို့ အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးဝင်း ဦးဆောင်သော အုပ်ချုပ်ရေးယာဉ်နှင့်အတူ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ရေယာဉ်တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြေနီကုန်း ခုံးကျော်တံတားပေါ်၌ ကားတစ်စီး မီးလောင်မှုဖြစ် မြေနီကုန်း ခုံးကျော်တံတားပေါ်၌ ကားတစ်စီး မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.