![]() |
ဓါတ်ပုံ- တောင်ကြီးသူ/တောင်ကြီးသားများလူမှု့ ကွန်ယက်စာမျက်နှာ |
တောင်ကြီးမြို့ ၊ကျောင်းကြီးစုရပ်ကွက်တွင် ဇွန်လ (၅) ရက်နေ့ညနေက မိုးရေကြီးချိန်တွင် ပဉ္စမ တန်းကျောင်းသားတစ်ဦး ရေချောင်းအတွင်းသို့ ခြေ ထောက်ဝင်ဆေးရာမှ ရေချောင်းထဲမျောပါ၍သေဆုံး မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်နေ ကိုမောင်စိုးကပြောသည် ။
"ညနေ ကျောင်းဆင်းချိန်မှာ မိုးတအားရွာပြီး ရေတွေ တစ်မြို့လုံးနီးပါကြီးနေတာ ကလေးပါသွားတာတွေ့တော့ လူတွေကလိုက်ကြတယ် Royal Star Hotel အနောက်ဖက် ရဲ့ ရေမြောင်းလေးမှာတွေ့တော့ ကလေးကသေနေပြီ " ဟု ၄င်းကပြောသည် ။
![]() |
ဓါတ်ပုံ- တောင်ကြီးသူ/တောင်ကြီးသားများလူမှု့ ကွန်ယက်စာမျက်နှာ |
တောင်ကြီး မြို့မရဲစခန်းမှအဆိုပါအမှုကို သေမှုသေခင်း ဖြင့်အမှုဖွင့် ထားကြောင်းသိရှိရပါသည် ။
ဇွန်လ (၅) ရက်နေ့ ညနေ ၃:၃၀ နာရီ ဝန်းကျင်ခန့်တွင် မိုးသည်းထံစွာ ရွာသွန်းမှုကြောင့် တစ်မြို့လုံးနီးပါး ရေကြီးကာ ချောင်းရေကြီးခြင်း ၊ လူနေအိမ်များ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည် ။
ယိင်းတိုင်း / Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တောင်ကြီးတွင် ပဉ္စမတန်းကျောင်းသား ရေချောင်း ထဲမျောပါသေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:08
Rating:
