မြိုင် ဇွန် ၃
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် ဇွန် ၂ ရက် ည ၉ နာရီခန့်ကစ၍ တစ်ညလုံး မိုးများသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မိုးရေချိန် လက်မ ၂ ဒသမ ၆၁ လက်မရှိပြီး ပခုက္ကူ- မုံရွာသွားကားလမ်းပိုင်းရှိ မြိုင်မြို့နယ် လင်းကတောကျေးရွာအနီး ရေကျော်၌ ချောင်းရေများကျ၍ ပြည်သူများနှင့် ယာဉ်များသွားလာရေး အခက်အခဲတွေ့ကြကြောင်း သိရသည်။
အဆိုပါ သွားလာရေး ခက်ခဲနေစဉ် ဇွန် ၃ ရက် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအထိ မြိုင်မြို့နယ် မီးသတ်စခန်း မှ သန္ဓေတပ်ဖွဲ့ဝင် ၁ဝ ဦး၊ လင်းကတော နယ်မြေ မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် လေးဦး၊ အရန်တပ်ဖွဲ့ဝင် ခြောက်ဦးနှင့် လင်းကတော နယ်မြေရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူတို့သည် ခရီးသွား ပြည်သူများအား သွားလာရေးခက်ခဲမှု ကို ကြိုးတန်း၍ လက်တွဲခေါ်ဆောင် ပို့ပေးခြင်း လက်ဆင့်ကမ်း၍ ပစ္စည်းများ သယ်ယူပေးခြင်းဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ မြိုင်မြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာသွား ကားလမ်းပိုင်း ကြည့်ကန်ကျေးရွာနှင့် လင်းကတော ကျေးရွာကြား မိုင်တိုင်အမှတ် ၄၁၂/၄ နှင့် ၄၁၂/၅ ကြားရှိ လမ်းပေါ်သို့ ရေကျော်မှုဖြစ်၍ ရြေ>ွပန်အမှတ် ၄၁၇/၁ အခြေမှ ရေတိုက်စားမှုကြောင့် လမ်း ကျိုးပေါက်ပျက်စီးသွားရာ ပေ ၂ဝ ခန့် ပျက်စီးခဲ့ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ဆိုင်ကယ်များနှင့် ခရီးသွား ပြည်သူများ သွားလာရေး အခက်အခဲ ကြုံတွေ့ခဲ့ ကြောင်း သိရသည်။
ယင်းလမ်းပြတ်တောက်မှုနှင့် ပတ် သက်၍ ယာဉ်များနှင့် ပြည်သူများ သွားလာနိုင်ရေးအတွက် ခရိုင်အုပ်ချုပ် ရေးမှူး ဦးကျော်အံ့မောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး၊ ခရိုင်၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး တင်မြင့်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင် များ၊ လမ်းဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာနှင့် မြတ်နိုးသူကုမ္ပဏီမှ တာဝန်ရှိသူများ ညှိနှိုင်းပေါင်းစပ်၍ ရေကျချိန် မြန်ဆန်ရေးအတွက် ဆောင် ရွက်ခြင်း၊ ရေကျပြီးပါက လမ်းအမြန် ပြုပြင်ရန် စီမံဆောင်ရွက်ခြင်း၊ လမ်း ပျက်စီးချိန်တွင် မြိုင် - မုံရွာသွား ယာဉ် များကို မြိုင်-ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ကြည့်ကန်ကျေးရွာမှ ထွန်းမြတ်ရတနာ လမ်းအတိုင်း လက်ယက်မ-ထုံးမ-ဖျသီး ကျေးရွာလမ်းမသို့ မောင်းနှင်ရန်နှင့် ယာဉ်ကြီးများအတွက် လင်းကတော-ရေစကြို-ပခုက္ကူလမ်းမှတစ်ဆင့် ပုသိမ်-မုံရွာလမ်းသို့ မောင်းနှင်ရန် စီစဉ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၂ နာရီခွဲမှစ၍ ၃ နာရီခွဲအထိ ယင်းလမ်းပျက်စီးမှုကို မြတ်နိုးသူကုမ္ပဏီမှ ကျောက်တင်ယာဉ် ကြီး လေးစီး၊ ဘက်ဟိုးယာဉ်တစ်စီးဖြင့် ကျောက်ကြီး၊ ကျောက်သေးများကို ကျိုးပဲ့ ပျက်စီးသည့်နေရာသို့ အမြန်ဆုံး ကျောက်များချပြီး ခင်းပေးကြရာ ယခု အခါ ယာဉ်ငယ်များ၊ ဆိုင်ကယ်များ နှင့်ပြည်သူများ သွားလာနိုင်ပြီဖြစ် ကြောင်း သိရသည်။
အောင်ကျော်မြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြိုင်မြို့နယ်၌ မိုးသည်းထန်မှုကြောင့် ချောင်းရေများကျ ပုသိမ်-မုံရွာ လမ်းရေကျော်၍ သွားလာရေးခက်ခဲ
Reviewed by THITHTOOLWIN
on
09:31
Rating:
