မြင်းခြံမြို့နယ်တွင် (၄)ဘာသာဂုဏ်ထူးဖြင့် အမြွှာညီအစ်မ(၃)ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်


မြင်းခြံ ဇွန် ၂

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ၂၀၁၈ ခုနှစ် ဇွန်လ(၂)ရက်၊ စနေနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ထုတ်ပြန်ကြေငြာခဲ့ရာ မြင်းခြံမြို့တွင်လည်း အချိန်နှင့်တစ်ပြေးညီ ကြေငြာခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ် စာစစ်ဌာနတွင် ဖက်ပင်အိုင်ကျေးရွာနေ အမြွှာညီအစ် မ (၃)ဦးဖြစ်သော မခ-၃၄၅ မသန့်ထားထားဇော်သည် သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ မခ - ၃၄၈ မသန့်ထူးထူးဇော်သည် သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ မခ - ၃၅၀ မသန့်ထက်ထက်ဇော်သည် မြန်မာစာ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ တို့ဖြင့် (၄)ဘာသာစီ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ရာ ၎င်းတို့ မိဘများအပြင် ကြားသိရသူ အပေါင်းမှ ဝမ်းသာကြည်နူးလျက်ရှိကြောင်း သိရှိရသည်။

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြင်းခြံမြို့နယ်မှ စာစစ်ဌာန(၇)ခုတွင် ဖြေဆိုသူ (၄၆၆၀)ဦး ဖြေဆိုခဲ့ပြီး (၁၅၄၈)ဦးအောင်မြင်ခဲ့ကာ အောင်ချက် ရာခိုင်နှုန်း(၃၃.၂၂)ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများထဲမှ (၆)ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး ၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၆)ဦး ၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၂၁)ဦး ၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၅၈)ဦး ၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၂၀၃) ဦး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ(၃၀၇)ဦး ရှိခဲ့သည်။

ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိမှုမှာ မြန်မာစာ(၃၁)ဦး ၊အင်္ဂလိပ်စာ(၂)ဦး၊ သင်္ချာ(၆၅)ဦး၊ ဓာတုဗေဒ(၁၀၀)ဦး ရူပဗေဒ(၅၀)ဦး ၊ ဇီဝဗေဒ(၈၃)ဦး ၊ ဘောဂဗေဒ(၁၅၅)ဦး ၊ ပထဝီဝင်(၅)ဦး ၊ သမိုင်း(၁)ဦး စုစုပေါင်း ဘာသာရပ် အလိုက် ဂုဏ်ထူးပါရှိသူ(၄၉၂)ဦး ရှိကြောင်း သိရှိရသည်။

ဦးဇော်မင်းနိုင် (မြင်းခြံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြင်းခြံမြို့နယ်တွင် (၄)ဘာသာဂုဏ်ထူးဖြင့် အမြွှာညီအစ်မ(၃)ဦး တက္ကသိုလ်ဝင်တန်း အောင်မြင် မြင်းခြံမြို့နယ်တွင် (၄)ဘာသာဂုဏ်ထူးဖြင့် အမြွှာညီအစ်မ(၃)ဦး တက္ကသိုလ်ဝင်တန်း အောင်မြင် Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.