ဆီဘောက်ဆာယာဉ်တိုက်မှုကြောင့် လမ်းလျှောက်နေသူနှစ်ဦး သေဆုံး


နေပြည်တော် ဇွန် ၎

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ၂၂ ဘီး ဆီဘောက်ဆာယာဉ်တစ်စီး ကားဘီးလေးဘီးပေါက်ကာ အရှိန် မထိန်းနိုင်ဘဲ ရှေ့မှ လမ်းလျှောက် နေသူ နှစ်ဦးအား ဝင်တိုက်မိရာ အခင်း ဖြစ်ပွားသည့်နေရာတွင် နှစ်ဦးစလုံး သေဆုံးသွားသည့်ဖြစ်စဉ် ဇွန် ၄ ရက်က ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီက ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း ဘောဂသီရိကားဝင်းဘက်မှ ပင်လောင်း လမ်းဆုံဘက်သို့ ထက်လင်းအောင် (၂၈ နှစ်) ပခုက္ကူ မြို့နေသူ မောင်းနှင် သည့် 3F/---- နီဆန်း ဒီဇယ် ၂၂ ဘီး ဆီဘောက်ဆာယာဉ်သည် ယာဉ်၏ ညာဘက် ရှေ့ကားဘီး လေးဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့တွင် လမ်းလျှောက်နေ သော ဒေါ်စန်းရီ(၄၈ နှစ်) ကျောက်ချက် ရွာ ဇေယျာသီရိမြို့နယ်နေသူနှင့် ဒေါ်ထွေးတင် (၆၅ နှစ်) လိပ်စာတူ နှစ်ဦး တို့အား ဝင်ရောက်တိုက်မိသည့်အတွက် အခင်းဖြစ်ပွားသည့်နေရာတွင် နှစ်ဦး စလုံး သေဆုံးသွားကြောင်း သိရသည်။


 ယာဉ် မတော်တဆတိုက်မိမှုနှင့် ပတ်သက်၍ ယာဉ်မောင်း ထက်လင်းအောင်ကို နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရေဆင်းနယ်မြေ ရဲစခန်းသို့ တိုင်တန်းရာ ရေဆင်းရဲစခန်းမှ အမှုဖွင့်စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မင်းမင်းလတ် (ရူပဗေဒ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆီဘောက်ဆာယာဉ်တိုက်မှုကြောင့် လမ်းလျှောက်နေသူနှစ်ဦး သေဆုံး ဆီဘောက်ဆာယာဉ်တိုက်မှုကြောင့် လမ်းလျှောက်နေသူနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.