တူနီးရှားနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများလိုက်ပါလာသော လှေနစ်မြုပ်မှုတွင် သေဆုံးသူအရေအတွက် ၁၁၂ ဦးအထိ မြင့်တက်


ကျူးနစ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းအလွန်၌ ရွှေ့ပြောင်းလုပ်သားများလိုက်ပါလာသော ဇွန်လ ၃ ရက်က လှေနစ်မြုပ်မှုတွင် သေဆုံးသူအရေအတွက်မှာ ၁၁၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီအရ သိရသည်။

ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က မြင့်တက်လာသည့် သေဆုံးသူအရေအတွက်ကို ၎င်း၏ တွစ်တာအကောင့်၌ ဇွန်လ ၄ ရက်မွန်းလွဲပိုင်းတွင် ရေးသားထားသည်။

အဆိုပါ လှေသည် ရွှေ့ပြောင်းလုပ်သား ၁၈၀ ခန့်ကို တင်ဆောင်လာခြင်း ဖြစ်ပြီး အာဖရိကနိုင်ငံများမှ ၈၀ ဦးပါဝင်ကြောင်း ပြည်တွင်းမီဒီယာက အစောပိုင်းတွင် ဖော်ပြထားသည်။

China Xinhua News
တူနီးရှားနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများလိုက်ပါလာသော လှေနစ်မြုပ်မှုတွင် သေဆုံးသူအရေအတွက် ၁၁၂ ဦးအထိ မြင့်တက် တူနီးရှားနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများလိုက်ပါလာသော လှေနစ်မြုပ်မှုတွင် သေဆုံးသူအရေအတွက် ၁၁၂ ဦးအထိ မြင့်တက် Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.