တောင်ကုတ် ဟွန်ဒါစက်လှေမြုပ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးထဲမှ တစ်ဦးအလောင်း ရှာဖွေတွေ့ရှိ


နိရဉ္စရာ၊ ဇွန် ၁၄

တောင်ကုတ်မြို့ကုလရောင်မြစ်ထဲတွင် ဟွန်ဒါစက်လှေနစ် မြုပ်ပြီး ပျောက်ဆုံး နေသူ ၂ ဦးထဲမှ တစ်ဦး၏ အလောင်းကို ယနေ့ဇွန်လ ၁၄ ရက်နံနက် ၉ နာရီအချိန်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ပြန်လည်တွေ့ရှိသည့်အလောင်းမှာ ဦးမြင့်နိုင်(ဆိပ်ကမ်းသစ်)၏ အလောင်းဖြစ်ပြီး ကုလရောင်မြစ် အထက်ဘက် သလဲချောင်းအထက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေသူများထဲမှဦးချစ်ကျော် က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

"ကုလရောင်မြစ်ရဲ့အထက်ဘက် သလဲချောင်းနားမှာဒီမနက် ၉ နာရီကျွန်တော်သွားရှာတဲ့အခါ အလောင်း တစ်လောင်းတွေ့ရှိပါတယ်။ဆိပ်ကမ်းသစ်က ဦးမြင့်နိုင် ရဲ့ အလောင်းပါ။ ကျွန်တော်တို့ သက်ဆိုင်ရာကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တွေ့ရှိထားတဲ့အလောင်း ကိုတော့ စက်လှေ စီစဉ်ပြီး တောင်ကုတ်မြို့ကို ပို့လိုက် ပါတယ်"ဟု ဦးချစ်ကျော်ကပြောသည်။

ပျောက်ဆုံးနေသောနှစ်ဦးထဲမှ တခြား တစ်ဦးဖြစ်သည့် ကိုတူး(သဲဆိပ်)ကိုလည်း ဆက်လက် ရှာဖွေ နေကြောင်းနှင့် လောလောဆယ်မှာ ရာသီဥတု ဆိုးရွားပြီး လှိုင်းလေ ကြမ်းတမ်းနေသဖြင့် ရှာဖွေမှုကို ရပ်ဆိုင်း ထားရကြောင်း ဦးချစ်ကျော်ကဆက်ပြောသည်။

အဆိုပါစက်လှေနစ်မြုပ်မှုမှာဇွန်လ ၁၂ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် တောင်ကုတ်မြို့သဲဆိပ်မှ ပန်းတင်းကျွန်းသို့ မောင်းနှင်လာခဲ့ရာ ကုလရောင်မြစ်ကိုဖြတ်အကူးတွင် လှိုင်းပုတ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

နစ်မြုပ်စဉ် စက်လှေ ပေါ်တွင် လူ ၅ ဦး ပါရှိပြီး သုံးဦးမှာ အသက်ရှင် လွတ်မြောက်လာပြီး နှစ်ဦးမှာ ပျောက်ဆုံး ပျောက်ဆုံးနေသည်။ ပျောက်ဆုံးနေသူ ၂ ဦးထဲမှ ဆိကမ်းသစ်မှ ဦးမြင့်နိုင်၏ အလောင်းကို ယနေ့ နံနက်က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
တောင်ကုတ် ဟွန်ဒါစက်လှေမြုပ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးထဲမှ တစ်ဦးအလောင်း ရှာဖွေတွေ့ရှိ တောင်ကုတ် ဟွန်ဒါစက်လှေမြုပ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးထဲမှ တစ်ဦးအလောင်း ရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.