ရိုဟင်ဂျာအရေး ကုလ နဲ့ မြန်မာသဘောတူညီမှု ဘင်္ဂလားဒေ့ရှ်ကြိုဆို


မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်များ ပြန်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်း ၂ခုတို့ သဘောတူMoU လက်မှတ်ရေးထိုးမဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလာဒေ့ရ်နိုင်ငံက ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာMonammad Abul Kalam က ကြိုဆိုရမဲ့ ကိစ္စဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂဖွံဖြိုးမှု အစီအစဉ်ရုံး UHNDP တို့ဘင်္ဂလာဒေ့ခ်ျနိုင်ငံရောက်ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံက ပြန်လက်ခံရေး ပူးပေါင်းဆောင်ရွက်ဘို့ ကြာသာပတေးနေ့က သဘောတူခဲ့ပါတယ်။ ဒီသဘော တူညီချက်ကို လာမဲ့ အပတ်အတွင်း လက်မှတ်ရေးထိုးကြဘွယ်ရှိပါတယ်။

ဒါဟာ အပြုသဘောဆောင်ပြောင်းလဲခြင်းဖြစ်တယ် လို့ ကော်မရှင်နာ Kalam ပြောပါတယ် ဒီသဘောတူညီချက်ကြောင့် ဒုက္ခသည်တွေကို အဆင်ပြေပြေပြန်ပို့နိုင်မှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ လည်း ပူးပေါင်းကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ်ကို ဘင်္ဂလာဒေ့ရ်နိုင်ငံအနေနဲ့ မသိရှိသေးတာကြောင့် အသေးစိတ်တော့ မှတ်ချက်မပေးလိုသေးဘူးလို့ မစ္စတာ Kalam ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရိုဟင်ဂျာအရေး ကုလ နဲ့ မြန်မာသဘောတူညီမှု ဘင်္ဂလားဒေ့ရှ်ကြိုဆို ရိုဟင်ဂျာအရေး ကုလ နဲ့ မြန်မာသဘောတူညီမှု ဘင်္ဂလားဒေ့ရှ်ကြိုဆို Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.