လက်ကိုင်ဖုန်းပေါက်ကွဲပြီး မလေးအရာရှိတဦး သေဆုံးရ


မလေးရှားဘဏ္ဍာရေးဌာနဝန်ကြီးပိုင် ခရေဒယ် (Cradle) အုပ်စု ရဲ့အမှုဆောင် ဒါရိုက်တာ နာဇရင် ဟတ်ဆန် ဟာ သူ့ရဲ့ လက်ကိုင်ဖုန်းပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ ကုမ္ပဏီက အတည်ပြုပြော ကြားပါတယ်။

သေဆုံးသူရဲ့အလောင်းကိုခွဲစိတ်စစ်ဆေးချက်မှာ နာဇရင် ဟတ်ဆန် ဟာ သူ့အနားမှာ အားသွင်းထား တဲ့ တယ်လီဖုန်းပေါက်ကွဲရာက ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးတယ်လို့ယူဆကြောင်းသိရတယ်လို့ ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါရှိပါတယ်။

သူ့ရဲ့သေဆုံးမှုအတွက် ထင်မြင်ချက်တွေပေးဖို့ မလိုအပ်သလို အဲဒီလိုမှန်းဆထင်မြင်ချက်ပေးတာမျိုးတွေကိုလည်းလက်မခံပါဘူးလို့ ကုမ္ပဏီရဲ့ကြေငြာချက်မှာပါရှိပါတယ်။

ကရက်ဒယ် Cradle ကုမ္ပဏီဟာ မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာပိုင်ကုမ္ပဏီဖြစ်ပြီး အစပိုင်းမှာ iMoney၊ ride-hailing pioneer Grab ကုမ္ပဏီတွေကို ငွေချပေးနေတဲ့ အေဂျင်စီအဖြစ် လုပ်ကိုင်ခဲ့ တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လက်ကိုင်ဖုန်းပေါက်ကွဲပြီး မလေးအရာရှိတဦး သေဆုံးရ လက်ကိုင်ဖုန်းပေါက်ကွဲပြီး မလေးအရာရှိတဦး သေဆုံးရ Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.