ကျွန်းလှမြို့နယ်၌ လူမှုရေးဖောက်ပြန်၍ ဓါးထိုးမှုဖြစ်ပွား


ကျွန်းလှ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် တင်းတိန်ရံအုပ်စု/ ကျောင်းအင်းကျေးရွာတွင် ဇွန်၁၁ရက်နေ့ နေ့လည်၁၂ နာရီ ၄၅မိနစ် အချိန်ခန့်က လူမှုရေးဖောက်ပြန်၍ ဓါးထိုးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းလှမြို့နယ် ကျောင်းအင်းကျေးရွာနေဦးလွန်းမောင်သည် ဘုန်းတော်ကြီးကျောင်းပေါ်တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစည်း အဝေးတက်ရောက်နေစဉ် ဇော်လှိုင်ဝင်း ရောက်လာပြီး မိခင်ဖြစ်သူနှင့် လူမှုရေးဖောက်ပြန်သည်ဟုပြောကာ အသင့်ပါလာသော အရိုးအသွား (၁၃)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးရာ ရင်ညွှန့်အထက်ဒဏ်ရာတစ်ချက်/ညာဘက်လက်မောင်းရင်းဒဏ်ရာတစ်ချက် နောက်ကျောဘယ်လက်ပြင် ဒဏ်ရာတစ်ချက်ရရှိပြီး (စိုးရိမ်ရ) ကျွန်းလှဆေးရုံမှ ကန့်ဘလူ ကုတင် ၁၀၀ဆေးရုံသို့ လွှဲပြောင်း ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဇော်လှိုင်ဝင်း / ဂါးထာကျေးရွာ / ကန့်ဘလူမြို့နယ်နေသူအား ကျွန်းလှမြို့မ ရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျွန်းလှမြို့နယ်၌ လူမှုရေးဖောက်ပြန်၍ ဓါးထိုးမှုဖြစ်ပွား ကျွန်းလှမြို့နယ်၌ လူမှုရေးဖောက်ပြန်၍ ဓါးထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.