ဟုမ္မလင်း ဟွေကျောင်းရွှေမှော် ဈေးဆိုင် တစ်ခုကို ဓါးပြတိုက်သူအဖွဲ့မှ ဦးဆောင်သူ သေနတ်ထိမှန် သေဆုံး


ဇွန် ၂၅ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာနှင့် နံ့သာကျေးရွာကြား ဟွေကျောင်းရွှေမှော်ရှိ ဈေးဆိုင်အတွင်း ဓားပြတိုက်ခဲ့သူ ၉ ဦးထဲမှ ခေါင်းဆောင်ဖြစ်သူ သေနတ်ဒဏ်ရာရပြီး သေဆုံးသွားကြောင်း မိုင်းကိုင်းနယ်မြေရဲစခန်းဌာနမှသိရသည်။

အဆိုပါ ဓားပြအဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်သူကို တုံလုံရွာအနီးတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
“ ဒီကောင်တွေက ပါလာတဲ့ အဖွဲ့တွေကို ဓါးတွေနဲ့ ဝင်ခုတ်တယ် ၊ လေးခွတွေနဲ့ဝင်ပစ်တယ် ပစ်ပြီးတော့ ဒီက မပြေးနဲ့ရပ်ပေါ့ ပစ်လိုက်တော့ တစ်ယောက်ကလွတ်သွားတယ်၊ တစ်ယောက်က ထိသွားတယ် သယ်လာရင်းနဲ့ လမ်းမှာသေသွားတာပဲ '' ဟု မိုင်းကိုင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇွန်လ ၈ ရက်နေ့တွင် ဟွေကျောင်းမှော်ရှိ ဒေါ်ရီရီဝင်းဈေးဆိုင်အတွင်း ကောလင်းမြို့နေသူ စိုးအောင်မှ ဦးဆောင်ကာ ကျော်ရွှေ၊ ဘထွန်း၊ထွန်းချို၊ ခင်ထူး၊ ခင်ရွှေ၊ ထွန်းမြင့်ဦး၊ ဖေဥာဏ်၊ ကိုကိုချစ်(ခ) ချစ်မိုးဦး ကိုးဦးအဖွဲ့ဖြင့် ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအရ စစ်တပ်ဖွဲ့များနှင့် စစ်တပ်ဖွဲ့များ၊ အရပ်မိရပ်ဖများနှင့်ပူးပေါင်းကာ တောတွင်းတစ်နေရာတွင် သွားရောက်ဖမ်းဆီးခဲ့ပြီး ကျန်ရှိနေသော တရားခံများအား ဖမ်းမိနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း မိုင်းကိုင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် နတ်နန်းရွှေမှော်တစ်ခုအတွင်း မေလ ၂၅ ရက်နေ့ ည၁၂နာရီအချိန်တွင် လူ ၉ ဦးအဖွဲ့ ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ တစ်ချို့ကို ဖမ်းမိထားကြောင်း နတ်နန်းရဲစခန်းမှသိရသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal
ဟုမ္မလင်း ဟွေကျောင်းရွှေမှော် ဈေးဆိုင် တစ်ခုကို ဓါးပြတိုက်သူအဖွဲ့မှ ဦးဆောင်သူ သေနတ်ထိမှန် သေဆုံး ဟုမ္မလင်း ဟွေကျောင်းရွှေမှော် ဈေးဆိုင် တစ်ခုကို ဓါးပြတိုက်သူအဖွဲ့မှ ဦးဆောင်သူ သေနတ်ထိမှန် သေဆုံး Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.