ခရီးစဉ်နဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ကမေးမြန်းရာမှာ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းပြန်ကြားရေးတာဝန်ခံ ဦးဟန်ညွန့် က အခုလို ပြောပါတယ်။
‘’ဥက္ကဌကြီးလည်း တစ်ရက်နှစ်ရက်နေရင် ပြန်ရောက်ပါပြီ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ရှိပါတယ်၊ ရက်က ကျနော်တို့မသတ်မှတ်ရသေးလို့ ဥက္ကဌကြီးပြန်ရောက်ရင် သတ်မှတ်မှာဖြစ်ပါတယ်။’’
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ပက်ဂွမ်ဟီးကို သမ္မတရာထူးတာဝန်ယူစဉ်က အဂတိ လိုက်စားခဲ့မှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးအရေးယူခဲ့တာမျိုးတွေအထိ တောင်ကိုရီးယားအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အရေးပါခဲ့တယ်လို့ ဦးဟန်ညွန့်က ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Ms Pak Un Jong နဲ့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်တို့ဟာ နှစ်ဖက်ပူးပေါင်းဆောင် ရွက်မယ့် နားလည်မှုစာချွန်လွှာ MOU ကိုလည်း မနေ့ကတောင်ကိုရီးယားနိုင်ငံ ဆေးဂျုံမြို့မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်အရ တောင်ကိုရီယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ အစရှိသဖြင့် စီမံချက်တွေကိုလည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ သတင်းစာရှင်းလင်းပွဲလုပ်မည်
Reviewed by THITHTOOLWIN
on
19:27
Rating:
