ဇွန် ၎
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ ယာဉ်မောင်းဖြစ်သူကို ယာဉ်တိုက်မှုဖြင့် ဇွန်လ (၄)ရက်က ဖမ်းဆီးထားကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းယာဉ်တိုက်မှုဖြစ်စဉ်မှာ ဇွန်လ (၂) ရက် နံနက်ပိုင်းအချိန်ကဖြစ်ခဲ့ပြီး ယာဉ်မောင်းသူ ဦးအေးသိန်းသည် ၆၂ လမ်းနှင့် ၃၅ လမ်းထောင့်အနီးတွင် ဆိုင်ကယ်တစ်စီးကို တိမ်းရှောင်လိုက်ရာမှ လမ်းဘေးတွင် မတ်တတ်ရပ်နေသည့် အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ယာဉ်တိုက်မှုဖြစ်တယ်ဆိုပြီးတော့ အမှုဖွင့်ထားတယ်။ ခုတော့ ယာဉ်ထိန်းက စစ်ချက်ယူတာတွေ လုပ်နေတယ်" ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်တိုက်ခံရသည့်အမျိုးသမီးမှာ နေရာတွင် သေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ် (ပ) ၂၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) ဖြင့် မဟာအောင်မြေမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
နိုင်လင်းဦး
photo - online
The Fifth Wave News
https://www.facebook.com/fifthwavenews/
မန်းတိုင်းဝန်ကြီးချုပ်၏ ယာဉ်မောင်း ယာဉ်တိုက်မှုဖြင့် အဖမ်းခံရ
Reviewed by THITHTOOLWIN
on
22:50
Rating:
