ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် မိသားစု ၂ စု မောင်တော ရွှေဇားသို့တရားမ၀င်ပြန်လည် ၀င်ရောက်လာ


နိရဉ္စရာ၊ ဇွန် ၂၀

တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် မိသားစု ၂ စုသည် မောင်တောမြို့နယ် ရွှေဇားရွာသို့ တရားမ၀င် ပြန်လည် ၀င်ရောက်လာကြသည်ဟု သတင်းရရှိသည်။

ဝင်ရောက်လာသူ ဘင်္ဂလီလူမျိုး မိသားစု ၂ စုတွင် စုစုပေါင်း လူ ၉ ဦးပါဝင်ကြောင်း မောင်တောမြို့မှ အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ ၀င်လာတဲ့ သူတွေက ဇာဘူရာမန်မိသားစုနှင့် ဟာဘေဒါတို့ မိသားစုတို့ ဖြစ်ကြပါတယ်။ စုစုပေါင်း ၉ ဦးပါဝင်ပါတယ်။ မနေ့ကတောင် မြို့နယ် အုပ်ချုပ်ရေးမှူးခေါ်လို့ အောင်ဗလ အုပ်ချုပ်ရေးမှူးက သွားပို့တာကို တွေ့လိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

ဦးဇာဘူရာမန် မိသားစုတွင် သား ၂ဦး၊ သမီး ၂ ဦး၊ လင်မယားနှစ်ဦး စုစုပေါင်း ၆ ဦးဖြစ်ပြီး ဒေါ်ဟာဘေဒါတို့ မိသားစုတွင် သားတစ်ဦး၊ သမီးတစ်ဦးနှင့် ၎င်းအမျိုးသမီး အပါအ၀င် စုစုပေါင်း ၃ ဦးဖြစ်ကြောင်း သိရသည်။

“ သူတို့မိသားစုတွေက အရေးအခင်းဖြစ်ပြီးကတည်းက ဟိုဘက်နိုင်ငံကို ထွက်ပြေး သွားကြပါတယ်။ ဟာဘေဒါမှာတော့ အမျိုးသားမရှိပါ။ သမီးတစ်ယောက်၊ သားတစ်ယောက်ဘဲ ရှိပါတယ်” ဟု ၎င်းလူကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သူ အများအပြား တရားမ၀င် ပြန်လည် ၀င်ရောက်နေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပြီး ယခု မိသား စု ၂ စုကို အာဏာပိုင်များက ရွှေဇားရွာတွင် စတင် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန် မောင်တောမြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများအား ဆက်သွယ်ရာ ဆက်သွယ်ရရှိခြင်း မရှိပါ။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် မိသားစု ၂ စု မောင်တော ရွှေဇားသို့တရားမ၀င်ပြန်လည် ၀င်ရောက်လာ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် မိသားစု ၂ စု မောင်တော ရွှေဇားသို့တရားမ၀င်ပြန်လည် ၀င်ရောက်လာ Reviewed by THITHTOOLWIN on 01:13 Rating: 5
Powered by Blogger.