ပြည်မြို့တွင် လိုင်းကားပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံး

 ဖော်ပြပါဓါတ်ပုံထဲမှ အမျိုးသားသည် ပေါင်းတလည် နယ်မြေရဲစခန်း ယာဉ် (ပ) ၉ /၂၀၁၈ ပုဒ်မ ၃၀၄-က အမှုမှ မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးသူ အမည်မသိသူဖြစ်ပါသည်။ ဓါတ်ပုံ - ပြည့်သဲမောင်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဇွန် ၆ ရက်က လိုင်းကားပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပေါင်းတလည်နယ်မြေရဲစခန်းမှ သိရသည်။

ပြည်မြို့နှင့် ပြည်နည်းပညာတက္ကသိုလ်သို့ အကြိုအပို့ပြုလုပ်လျက်ရှိသော ယာဉ်လိုင်း တစ်လိုင်း၏ လိုင်းကားပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လိုင်းကားပေါ်ကပြုတ်ကျတာပါ။ သေဆုံးတဲ့သူက အမည်မသိသေးပါဘူး။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဆက်လက်စုံစမ်းလျက်ရှိပါတယ်။”ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါလိုင်းကားမှာ ပြည်မြို့မှ ပေါက်ခေါင်းဘက်သို့ ခရီးသည်(၆)ဦးတင်၍ မောင်းနှင်လာစဉ် ပေါင်းတမော့အုပ် စု၊ လက်ခုပ်ပင်ကျေးရွာအနီးသို့အရောက်တွင် ကားပေါ်တွင်စီးနင်းလိုက်ပါလာသည့် အသက်(၄၀)အရွယ်အမျိုး သားမှာ ပြုတ်ကျခဲ့ပြီး ဒဏ်ရာရရှိရမှုကြောင့် ဆေးရုံသို့ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လိုင်းကားယာဉ်မောင်းအား ပေါင်းတလည်နယ်မြေရဲစခန်းက ယာဉ်(ပ)၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြည်မြို့တွင် လိုင်းကားပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံး ပြည်မြို့တွင် လိုင်းကားပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.