သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ ရွှေရတနာဈေးအတွင်း မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း ၅၂ ခန်း မီးလောင်ပျက်စီး


သပိတ်ကျင်း ဇွန် ၃

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဇရပ်ကွင်းကျေးရွာ စည်ပင် သာယာဈေးတွင် ဇွန် ၂ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇရပ်ကွင်းကျေးရွာ စည်ပင်သာယာပိုင် ရွှေရတနာဈေးအတွင်းရှိ ဈေးရုံအမှတ် (B/8) ဆိုင်ခန်း အမှတ် (၃၊ ၄) ကုန်စုံပစ္စည်းရောင်းသည့် အမှတ် (၇) ရပ်ကွက်၊ ဇရပ်ကွင်းကျေးရွာနေသူ ဆိုင်ရှင် ဦးအောင်ဇင်ဦး၏ ဆိုင်ခန်း၌ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးစတင်လောင် ကျွမ်းခဲ့သဖြင့် ဇရပ်ကွင်းကျေးရွာရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှု မရှိစေရေးအတွက် ဇရပ်ကွင်း ကျေးရွာရှိ အရန်မီးသတ်၊ ချောင်းကြီးကျေးရွာအုပ်စုမှ အရန်မီးသတ်တို့နှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/ သားတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၅ မိနစ်တွင် မီးညွှန့်ကျိုး သွားခဲ့သည်။


 ဆက်လက်ပြီး သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ် မီးသတ်ဦးစီးဌာနတို့မှ မီးသတ်ယာဉ် (၁၂) စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဈေးရုံ (၁၃)ရုံရှိ ဆိုင်ခန်းပေါင်း (၅၂)ခန်း မီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း၊ လူနေအဆောက်အဦများ မီးကူးစက်လောင်ကျွမ်းမှုမရှိကြောင်း၊ မီးစတင် လောင်ကျွမ်းခဲ့သည့် ဆိုင်ပိုင်ရှင် ဦးအောင်ဇင်ဦးအား သပိတ်ကျင်းမြို့နယ် ရဲစခန်းမှ အမှုဖွင့်စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ ရွှေရတနာဈေးအတွင်း မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း ၅၂ ခန်း မီးလောင်ပျက်စီး သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ ရွှေရတနာဈေးအတွင်း မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း ၅၂ ခန်း မီးလောင်ပျက်စီး Reviewed by THITHTOOLWIN on 12:12 Rating: 5
Powered by Blogger.