စစ်လက်ကျန်လက်နက်တွေကို ခေါင်းလောင်းအဖြစ် မသုံးဖို့ အမိန့်ထုတ်

AFP Photo
ကမ္ဘောဒီးယားနိုင်ငံတဝှမ်း စာသင်ကျောင်းတွေမှာ စစ်အတွင်းက ကျန်ခဲ့တဲ့ ဗုံးဟောင်းတွေနဲ့ အမြောက်ဆန်၊ မော်တာကျည်ဟောင်းတွေကို ကျောင်းတက်ကျောင်ဆင်း ခေါင်းလောင်းတွေအဖြစ် မသုံးစွဲကြဖို့ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။]

ကမ္ဘောဒီးယားမှာ ၁၉၆၀ ပြည့်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း အမေရိကန်က ချခဲ့တဲ့ဗုံးတွေ၊ မိုင်းတွေကြောင့်၊ ကမ္ဘာမှာ ဗုံးအများဆုံးအကြဲခံရတဲ့တိုင်းပြည်ဖြစ်ခဲ့ပါတယ်။

၁၉၇၉ ခုနှစ် ခမာနီတွေ အရေးနိမ့်သွားခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယားကျောင်းဆရာတွေဟာ လုံးဝဖျက်ဆီးခံခဲ့ရတဲ့ နိုင်ငံ့ပညာရေးကို ရရာပစ္စည်းတွေနဲ့ ပြန်လည်ထူထောင်ခဲ့ကြရပါတယ်။ နိုင်ငံအနှံ့အပြားမှာ ပြန့်ကြဲ ကျန်ရစ်ခဲ့တဲ့ ဗုံးတွေနဲ့ မြေမြှုပ်မိုင်းတွေ စာသင်ကျောင်းတွေရဲ့ ခေါင်းလောင်းတွေဖြစ်ကုန်ပါတယ်။

အဲဒီလက်နက်ဟောင်းတွေကို မပေါက်ကွဲအောင် စနက်တန်ဖြုတ်ပြီး ပြုပြင်ပြီး သုံးစွဲနေကြတာဖြစ်ပါတယ်။

အဲဒီလို သုံးစွဲလို့ ဘေးအန္တရာယ်ဖြစ်ခဲ့တာမျိုး အခုထိ မကြားသိရဘဲ၊ တခြား လက်ပစ်ဗုံးဟောင်းတွေ၊ မြေမြှုပ်မိုင်းဟောင်းတွေကြောင့်သာ ကလေးတွေ ပြေးလွှားဆော့ကစားကြရင်း ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးရတာတွေ ရှိခဲ့တယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။

ဒါပေမဲ့ အခုတော့ စစ်လက်ကျန် အမြောက်ဆန်ဟာင်းတွေ၊ ဗုံးဟောင်းတွေဟာ အန္တရာယ်ရှိနေဆဲလို့ ကျွမ်းကျင်သူတွေက ပညာရေးဝန်ကြီးကို သတိပေးကြတဲ့အတွက်၊ စာသင်ကျောင်းတွေမှာ ခေါင်းလောင်း အဖြစ် မသုံးစွဲကြတော့ဖို့ အမိန့်ထုတ်လိုက်တာဖြစ်ကြောင်း သတင်းမှာဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
စစ်လက်ကျန်လက်နက်တွေကို ခေါင်းလောင်းအဖြစ် မသုံးဖို့ အမိန့်ထုတ် စစ်လက်ကျန်လက်နက်တွေကို ခေါင်းလောင်းအဖြစ် မသုံးဖို့ အမိန့်ထုတ် Reviewed by THITHTOOLWIN on 10:28 Rating: 5
Powered by Blogger.