ကိုယ်ဝန်ရှိမှ ကွာရှင်းပေးရန်ပြော၍ လင်မယားချင်းစကားများကာ ခင်ပွန်းဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
![]() |
သေဆုံးသူ အောင်ကိုလတ် ၊ ဓါတ်ပုံ - ကိုလွင်(ဆွာ) |
ရေတာရှည် ဇွန် ၃
အိမ်ထောင်ကျပြီး လေးလအကြာ ကိုယ်ဝန်သုံးလရှိမှ ခင်ပွန်း ဖြစ်သူက နိုင်ထက်စီးနင်းပြုကာ မကြာခဏ ကွာရှင်းပေးဖို့ပြော၍ လင်မယာချင်း စကားများရန်ဖြစ်ကာ ခင်ပွန်းဖြစ်သူကို ဓားဖြင့် ခုတ်သတ်ခဲ့သော အမှုတစ်ခု ရေတာရှည်မြို့နယ် ဇဝင်းကျေးရွာ လှည်းပွဲလေးကွင်း၌ ဇွန် ၁ ရက် ညနေ ၅ နာရီက ဖြစ်ပွားခဲ့ သည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ဆွာနယ်မြေစခန်းမှူး ရဲအုပ် နေလင်းအောင် ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဇဝင်း ကျေးရွာမှ တစ်မိုင်ခွဲခန့်အကွာ လှည်းပွဲလေးကွင်းရှိ နေအိမ် ပေါ်တွင် အောင်ကိုလတ် (၂ဝ နှစ်)သည် နေအိမ်ပေါ်ဘုရားစင်ရှေ့ ၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။
![]() |
မဇင်မာဦး ။ ဓါတ်ပုံ - ကိုလွင်(ဆွာ) |
မဇင်မာဦးသည် ဝမ်းဗိုက်အားခြေထောက်ဖြင့် ကန်ခံရသည့် ဒဏ်ရာကြောင့် ဆွာတိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် စောင့်ကြည့်ကုသမှုခံယူနေရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆွာနယ် မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကိုယ်ဝန်ရှိမှ ကွာရှင်းပေးရန်ပြော၍ လင်မယားချင်းစကားများကာ ခင်ပွန်းဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
09:23
Rating:
